အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ဖြူဖွေးနုဖတ်တဲ့ အသားအရေနဲ့ ကိုရီးယားမလေးတွေလို ချောမောလှပတဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ နန်းဆုရဲ့ရုပ်ရည်လေးက ချစ်စရာကောင်းသလောက် အသံလေးကလည်း သာယာချိုမြတာကြောင့် ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေရဲ့အသည်းကျော်လေးဖြစ်လို့နေရတာပါ။

Photo Credit-Kan Su Ho
Photo Credit-Aung Ye Lin (Shane)
Photo Credit-Alinn Yaung

လက်ရှိမှာတော့ နန်းဆုက သရုပ်ဆောင်ပိုင်းထက် အဆိုပိုင်းကို ပိုမိုဦးစားပေးလုပ်ကိုင်နေပြီး အောင်မြင်စွာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ပြီးခဲတဲ့စက်တင်ဘာလ (၁၈) ရက်နေ့ကတော့ နန်းဆုရဲ့မွေးနေ့ရက်မြတ်လေးဖြစ်တာကြောင့် မွေးနေ့မှာနန်းဆုက ကိုယ်တိုင်ဆွမ်းချက်ပြီး ကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်။ နန်းဆုက သံဃာတော်အရှင်သူမြတ်တွေအတွက် နေ့ဆွမ်းကို ဖွယ်ဖွယ်ရာရာချက်ပြုတ်ပြီး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

အခုလည်း နန်းဆုက မွေးနေ့အလှူအတွက် ကြက်သားဟင်းကို ချက်ပြုတ်ပြင်ဆင်နေတဲ့ သူမရဲ့ပုံရိပ်လေးကို မျှဝေထားပါတယ်။ နန်းဆုကတော့ ကြက်သားဟင်းချက်ဖို့ မဆလာနယ်တာကအစ သူမကိုယ်တိုင်ဝင်ရောက်ပြီး သေသေချာချာပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မွေးနေ့အလှူအတွက် နေ့ဆွမ်းကိုကိုယ်တိုင်ချက်ပြုတ်ခဲ့တဲ့ နန်းဆုရဲ့ပီတိပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်နော်။

Photo Credit-Nansu Yati Soe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။