တစ်ခေတ်တစ်ခါတည်းကနေ အနုပညာလောကမှာအောင်မြင်မှုတွေရရှိခဲ့ပြီး ယနေ့အချိန်မှာ ဝါရင့်မင်းသားကြီးတစ်လက်အဖြစ်ရပ်တည်နေတဲ့ အကယ်ဒမီလူမင်းဟာဆိုရင် အခုထိလည်း အနုပညာစန်းကရှိနေသေးဆဲဖြစ်ပါတယ်။လူမင်းကတော့ နားလည်မှုအပြည့်ပေးတဲ့ချစ်ဇနီးချောလေးရယ် သားနဲ့သမီးရယ်ကို ပိုင်ဆိုင်ထားလို့ ပျော်ရွှင်စရာမိသားစုဘဝလေးမှာ အေးအေးချမ်းချမ်းနေထိုင်နေတာပဲဖြစ်ပါတယ်နော်။

Source:Ayarwady Lu Min's Facebook/Photo Credit:Amazing Grace

လူမင်းက အနုပညာကိုလည်းတစိုက်မက်မက်လုပ်ဆောင်သလို မိသားစုအတွက်လည်းအချိန်လုံလုံလောက်လောက်ပေးပါတယ်နော်။လူမင်းရဲ့သားနဲ့သမီးကလည်း ထူးချွန်ထက်မြက်ပြီး ဘက်စုံတော်တဲ့ကလေးလေးတွေဖြစ်လို့ လူမင်းတို့ဇနီးမောင်နှံကအရမ်းမျက်နှာပွင့်ရပါတယ်။လူမင်းတို့မိသားစုက ကုသိုလ်ရေးဆိုလည်းတက်ညီလက်ညီလုပ်ကြလို့ အပတ်တိုင်း မိသားစုတွေအတူတူ အာရုဏ်ဆွမ်းလောင်းလှူကြပါတယ်။

Source:Ayarwady Lu Min's Facebook/Photo Credit:Amazing Grace
Source:Ayarwady Lu Min's Facebook/Photo Credit:Amazing Grace
Source:Ayarwady Lu Min's Facebook/Photo Credit:Amazing Grace
Source:Ayarwady Lu Min's Facebook/Photo Credit:Amazing Grace

အခုဆိုရင်လည်း လူမင်းတို့မိသားစုက"သမီး"ဧရာဝတီလူမင်း" ၁၁ နှစ်ပြည့်မွေးနေ့အကြိုအလှူနဲ့မိခင်ကြီးဒေါ်သန်းသန်း"ခင်စပယ်ဦး"မိသားစုအပတ်စဉ်သောကြာနေ့(၁၂)ကြိမ်မြောက်အာရုံဆွမ်းအလှူကိုပေါင်းပြီး အာရုဏ်ဆွမ်းလောင်းလှူကြပါတယ်။လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်ကလည်း လူမင်းတို့မိသားစုနဲ့အတူ ကြက်သားအာလူးဟင်းကို အတူတူပေါင်းလှူကြတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Ayarwady Lu Min's Facebook/Photo Credit:Amazing Grace
Source:Ayarwady Lu Min's Facebook/Photo Credit:Amazing Grace
Source:Ayarwady Lu Min's Facebook/Photo Credit:Amazing Grace
Source:Ayarwady Lu Min's Facebook/Photo Credit:Amazing Grace

Source:Ayarwady Lu Min's Facebook/Photo Credit:Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။