ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိသူကတော့ သရုပ်ဆောင်မင်းသမီးချော စမိုင်းလ်ပါပဲ..။
အောင်မြင်တဲ့ ပရိသတ်အချစ်တော် အနုပညာရှင်အဖြစ် ရပ်တည်နေသလို ချစ်စရာသမီးလေးနှစ်ယောက်နဲ့အတူ ကြည်နူးစရာ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်..။
အလှူအတန်းတွေကို တက်နိုင်သလောက်ပြုလုပ်နေတဲ့ စမိုင်းလ်ကတော့ အခုတစ်ခါမှာလည်း မိသားစုနဲ့အတူ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအတွက် အလှူငွေတွေ လှူဒါန်းလိုက်ပြန်ပါတယ်..။
ရုပ်ရှင်အစည်းအရုံး သက်ကြီးပူဇော်ပွဲအတွက် အလှူငွေအဖြစ် (၁၀)သိန်းကို ပေးအပ်လှူဒါန်းလိုက်တာဖြစ်ပြီး အမှတ်တရဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေထားပါသေးတယ်..။
“ရုပ်ရှင်အစည်းအရုံး သက်ကြီးပူဇော်ပွဲအတွက်အလှူငွေ ၁၀သိန်းပါဝင်လှူဒါန်း.. အမြဲပေးကမ်းနိုင်သူသာဖြစ်ရပါလို၏..” ဆိုပြီး အလှူအမှတ်တရပုံလေးကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။
အဲ့ဒီပို့စ်အောက်မှာ ပရိသတ်တွေကလည်း သဒ္ဓါတရားထက်သန်လွန်းတဲ့ စမိုင်းလ်တို့ မိသားစုလေးရဲ့ အလှူလေးကိုလည်း သဘောကျနေကြပြီး သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောထားကြပါတယ်နော်..။
Photo Credit - စမိုင်းလ် Smile’s Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။