ကိုယ်ပိုင်သံစဉ်သီချင်းရေးစပ်လေ့ရှိတဲ့ ရွက်ပုန်းသီးတွေအတွက်တော့ သတင်းကောင်းပါ။

ပရိသတ်ကြီးလည်း သားငယ်ရဲ့ တစ်ကိုယ်တော်အခွေအတွက် လိုအပ်နေတဲ့သီချင်းကို ပေးပို့နိုင်ပါတယ်။ ရွေးချယ်ခံရတဲ့သီချင်းတွေကို တရားဝင်ဝယ်ယူပြီး အသုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။

Myanmar Idol Season (2) Winner သားငယ်၏ Solo Album အတွက် ကိုယ်ပိုင်သံစဉ် တေးသီချင်းများ ဝယ်ယူလိုပါသည်။ ၀ါသနာရှင် တေးရေးများအနေဖြင့် မိမိတို့ရေးသားထားသော Sample တေးသီချင်းများ၏ စာသားနှင့် အသံဖိုင် CD ကို အောက်ပါ လိပ်စာ အတိုင်း လာရောက်ပေးပို့ရပါမည်။

စာသားနှင့် အသံဖိုင် CD ကို (၁၅.၅.၂၀၁၇) ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမည် ဖြစ်ပါသည်။ ရွေးချယ်ခံရသော တေးရေးများ၏ တေးသီချင်းများကိုလည်း Moon Myanmar Media မှ တရားဝင်ဝယ်ယူပြီး အသုံးပြုမှာဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။

ပေးပို့ရမည့် လိပ်စာ - ရွှေထွဠ်တင် အမှတ်(၅၁)ဘီ အရှေ့မြင်းပြိုင်ကွင်းလမ်း တာမွေမြို့နယ် ရန်ကုန်မြို့။

ဆက်သွယ်စုံစမ်းရန် - 09781739317

သတင်းအရင်းမြစ် Myanmar Idol page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။