ပြည်သူချစ်မင်းသမီးချောလေး နေခြည်ဦးဟာဆိုရင် အခုချိန်မှာ အောင်မြင်မှုတွေဆက်တိုက်ဆိုသလိုရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ပရိသတ်တွေရဲ့အချစ်များစွာကိုလည်း ရရှိထားပြီး အနုပညာလောကမှာ နေရာတစ်နေရာကနေရပ်တည်နေပါပြီနော်။ချီချီ့ကိုအားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကတော့ beauty bloggerလုပ်ကတည်းက တစိုက်မက်မက်အားပေးကြတာပါနော်။

Source:Nay Chi Oo's Facebook/Photo Credit:Li John Lij
Source:Nay Chi Oo's Facebook/Photo Credit:Li John Lij
Source:Nay Chi Oo's Facebook/Photo Credit:Li John Lij

အခုနောက်ပိုင်းမှာတော့ ချီချီက ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားရိုက်ကူးနေပြီး ပွဲတွေလည်းမကြာခဏတက်ရောက်နေပါတယ်နော်။တက်သစ်စမင်းသမီးလေး နေခြည်ဦးရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကလည်း ပရိသတ်တွေလက်ဖျားခါသွားရလောက်အောင် ကျရာဇာတ်ရုပ်ကိုအရမ်းပီပြင်ပါတယ်နော်။ချီချီရဲ့ကြိုးစားအားထုတ်မှုတွေကိုလည်း ပရိသတ်တွေကအသိအမှတ်ပြုကြပါတယ်။

Source:Nay Chi Oo's Facebook/Photo Credit:Li John Lij
Source:Nay Chi Oo's Facebook/Photo Credit:Li John Lij
Source:Nay Chi Oo's Facebook/Photo Credit:Li John Lij

မကြာခင်မှာ နေခြည်ဦးက"ပြင်သစ်နိုင်ငံ Paris မြို့မှာကျင်းပပြုလုပ်မယ့်Paris Fashion Week 2019 ကိုL'Oréal Paris Myanmar ကိုယ်စားပြုအနေနဲ့"တက်ရောက်မှာဖြစ်ပြီး အခုဆိုရင်တော့ ချီချီက Make Me Beautiful Season 2 Winnerဘုန်းငြိမ်းချမ်းတို့နဲ့ တက်ရောက်မည့်အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်။ပွဲလေးမှာတော့ ချီချီကလိမ္မော်ရောင်ဝတ်စုံလေးနဲ့အရမ်းလှတဲ့ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Nay Chi Oo's Facebook/Photo Credit:Li John Lij
Source:Nay Chi Oo's Facebook/Photo Credit:Li John Lij

Source:Nay Chi Oo's Facebook/Photo Credit:Li John Lij

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။