မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အား Main Sponsor အဖြစ်ပံ့ပိုးပေးနေသည့် Myanmar Brewery Ltd မှ မြန်မာနိုင်ငံအနှံ စီစဉ်ကျင်းပနေသည့် We Are One Cup တောင်ကြီးမြို့ ဗိုလ်လုပွဲစဉ် မတိုင်မီ အထူးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းနှင့် တောင်ကြီး Old Star အသင်းတို့၏ ချစ်ကြည်ရေး ခြေစမ်းပွဲမြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ အဆိုပါ အထူးပွဲစဉ်ကို မိနစ် ၃၀ (၂)ပိုင်း ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာ့လက်ရွေးစင် အသင်းအတွက် အနိုင်ဂိုးကို စန်းသော်သော်မှ သွင်းယူပေးခဲ့ပါတယ်။

PHOTO CREDIT : MFF
PHOTO CREDIT : MFF

ယနေ့ စက်တင်ဘာလ ၂၁ရက်နေ့ ညနေပိုင်း တောင်ကြီးဘောလုံးကွင်းတွင်ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲစဉ်အပြီးတွင် ဗိုလ်လုပွဲအဖြစ် သုနန္ဒခမ်းတန်အသင်း နှင့် ကန္တရဝတီအသင်းတို့ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။We Are One Cup တောင်ကြီးမြို့ဗိုလ်လုပွဲတွင်အနိုင်ရရှိသည့်အသင်းသည်တောင်ကြီးမြို့တွင် ယှဉ်ပြိုင်မည့် We Are One Cup Champion of Champions ပွဲသို့ အခြားမြို့နယ် ၇မြို့နယ်မှ ချန်ပီယံအသင်း(၇)သင်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပါတယ်။

PHOTO CREDIT : MFF
PHOTO CREDIT : MFF

Myanmar Brewery Ltd အနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို (၄) နှစ်သက်တမ်းရှိ အဓိကပံ့ပိုးမှု Main Sponsor အဖြစ် ပံ့ပိုးပေးနေသည့် ကုမ္ပဏီဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နှင့် သက်တမ်းအလိုက် လက်ရွေးစင်အမျိုးသမီးအသင်းများကို မြန်မာနိုင်ငံအနှံရှိ ပရိသတ်များနှင့် ပိုမိုထိတွေ့ခွင့်ရရေးအတွက် ယခုကဲ့သို့ အထူးခြေစမ်းပွဲများပြုလုပ်ကျင်းပပေးခြင်းဖြစ်ပါတယ်။

source: MFF

PHOTO CREDIT : MFF
PHOTO CREDIT : MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။