ရုပ်ရှင်သရုပ်ဆောင်မင်းသမီးချောလေးပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ဇနီးမောင်နှံနှစ်ယောက်ဟာဆိုရင် အနုပညာမှာပါရမီပါကြလို့ အရမ်းတော်တဲ့သူဖြစ်ပါတယ်။ပိုင်ဖြိုးသုဆိုရင်လည်း အနုပညာကိုဝါသနာပါလွန်းလို့ အားသွန်ခွန်စိုက်ကြိုးစားပြီး နယူးယောက်မှာတောင် ရုပ်ရှင်ပညာရပ်တွေကို သွားရောက်သင်ကြားခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook

ပိုင်ဖြိုးသုတို့ဇနီးမောင်နှံက နောက်ထပ်လည်း အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်ကြမှာဖြစ်ပြီး ပရိသတ်တွေကလည်း အပီအပြင်ကိုအားပေးကြမှာပါ။ပရိသတ်တွေက ပိုင်ဖြိုးသုတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ပျော်ရွှင်နွေးထွေးတဲ့အိမ်ထောင်ရေးလေးကိုအားကျကြပါတယ်နော်။သုသုက တစ်ခါတစ်လေ ချစ်ခင်ပွန်းအပေါ်ကလေးဆိုးလေးလို ဆိုးနွဲ့တတ်ပြီး ချစ်စရာကောင်းအောင်ပြုမူတတ်ပါတယ်။

Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook

ဏကြီးကလည်း ချစ်ဇနီးလေးရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကို ဂရုတစိုက်ဖြည့်ဆည်းပေးပြီး မျက်နှာတစ်ချက်မညှိုးအောင်ထားတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။သုသုတို့ဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး နားလည်မှုအပြည့်နဲ့လက်တွဲနေကြတာပါ။အခုဆိုရင်လည်း ပိုင်ဖြိုးသုက "အရင်အချိန်တွေလွမ်းလို့"ဆိုပြီး သမီးရည်းစားဘဝတုန်းက ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook

Photo Credit:Paing Phyo Thu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။