ပရိသတ်တွေရဲ့အချစ်တွေကို အသက်ငယ်ငယ်လေးနဲ့ရရှိထားသူကတော့ ယွန်းဝတီလွင်မိုးရဲ့သားလေး လွင်ထက်ပါ။ Liam လေးဟာ လမ်းစလျှောက်တတ်နေပါပြီ။ သားလေးရဲ့ဗီဒီယိုလေးတွေဟာလည်း အသည်းယားစရာကောင်းလောက်အောင် ချစ်စရာကောင်းနေတာပါ။ 

Photo Credit- May Thu’s Instagram
Photo Credit- Yunwaddy Instagram Account
Photo Credit- May Thu’s Instagram

သားလေးကိုတော့ ဖိုးဖိုး၊ဖွားဖွားတို့က ပြုစုထိန်းသိမ်းစောင့်ရှောက်နေတာပါ။ အခုမှာလည်း ဖိုးဖိုး၊ဖွားဖွားတို့နဲ့အတူ ငွေဆောင်ကမ်းခြေကိုရောက်ရှိနေတာပါ။ ကမ်းခြေရောက်ပုံရိပ်လေးတွေကိုလည်း ဖွားဖွားမေသူရဲ့လူမှုကွန်ယက်တွင် ဝေမျှထားတာပါ။ 

Photo Credit- May Thu’s Facebook Live
Photo Credit- May Thu’s Facebook Live
Photo Credit- May Thu’s Facebook Live

အခုမှာလည်း ဖိုးဖိုးလွင်မိုးနဲ့အတူ ကမ်းခြေမှာ လှိုင်းလုံးလေးတွေနဲ့ဆော့ကစားနေကြတဲ့ ဗီဒီယိုလေးတွေကို Liam ရဲ့ Fan Group လေးမှာဖွားဖွားမေသူက Live လွှင့်ထားတာပါ။ လီလီလုံးလေးဟာလည်း ကမ်းစပ်မှာဆော့ကစားနေရတာကို ပျော်နေတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- May Thu’s Facebook Account

Photo Credit- May Thu’s Facebook and Yunwaddy Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။