မြန်မာအသင်းနဲ့ကိုးရီးယားအသင်းတို့ရဲ့ပွဲမှာ ကိုးရီးယားအသင်းက ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ရှိခဲ့ပါတယ်။ဦးမင်းသူ (မြန်မာ ယူ၁၆အသင်း နည်းပြချုပ်)ကတော့ ပရိသတ်တွေ အနေနဲ့ ဒီပွဲရလဒ်ကို လက်ခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော့် ကစားသမားတွေ ပွဲချိန်ပြည့် အကောင်းဆုံး ကြိုးစားကစားခဲ့ကြတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုအပေါ် အသိအမှတ်ပြုပါတယ်။

photo credit : MFF
photo credit : MFF

မြန်မာနည်းပြချုပ်ကတော့ " တစ်ဦးချင်းစွမ်းရည်၊ အရပ်အမောင်း အစစ အရာရာ ကွာဟတဲ့ တောင်ကိုရီးယားလို အသင်းနဲ့ မိနစ် ၉၀နီးပါး ခံစစ်ကစားခဲ့ရကစားရတာ မလွယ်ပါဘူး။ ထိုင်းနဲ့ ပွဲမှာ အသုံးပြုခဲ့တဲ့ လူစာရင်းကို အပြောင်းအလဲ အချို့ ပြုလုပ်ခဲ့ပြီး ခြေစမ်းပွဲတွေမှာ ရရှိခဲ့တဲ့ ခြေစွမ်းမျိုးကို ပြန်လည်ပြသနိုင်ခဲ့ပါတယ်။

photo credit : MFF
photo credit : MFF

Mr. Choi Young Joon (တောင်ကိုရီးယား ယူ၁၆အသင်း နည်းပြချုပ်ကတော့ မြန်မာအသင်းရဲ့ မာကျောတဲ့ ခံစစ်ကစားဟန်ကြောင့် ကျွန်တော်တို့ အသင်း ခက်ခဲ ခဲ့ပါတယ်။ ပင်နယ်တီ ဂိုး တစ်ဂိုးနဲ့ သာ အနိုင်ရခဲ့ပေမယ့် ကစားသမားတွေရဲ့ ကြိုးစားမှုကို ကျေနပ်ပါတယ်။ မြန်မာအသင်းနဲ့ မန္တလေးမှာ တစ်ကြိမ်၊ ဗီယက်နမ်မှာ တစ်ကြိမ် ကစားခဲ့ဖူးပါတယ်။ အရင် တွေ့ဆုံမှုတွေမှာ အနိုင်ပြတ်သားခဲ့ပေမဲ့ ဒီနေ့ပွဲမှာတော့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ပဲ အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအသင်းရဲ့ တိုးတက်မှုကို အသိအမှတ်ပြုရမှာပါ။"ဆိုပြီးပြောထားခဲ့ပါတယ်။

SOURCE:MFF 

photo credit : MFF
photo credit : MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။