ပရိသတ်ကြီးရေ.. အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ လျှောက်လှမ်းနေတဲ့ ဘေဘီလေးစူးရှထက်ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးပါ..။

ဘေဘီလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ စူးရှထက်ကတော့ ဆွဲဆောင်မှုတွေရှိလွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး အမိုက်စားဖက်ရှင်လေးတွေကြောင့် ပရိသတ်တွေကြား အမြဲရေပန်းစားနေသလို ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာပါ..။

ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ စူးရှထက်ကတော့ အခုတစ်ခါမှာလည်း ပြည်သူ့အသည်းကျော်လေးဖြစ်တဲ့ ထိပ်ထားသခင်လေးကို တွေ့ပြီး ချစ်မဝဖြစ်နေပါတယ်..။

မွေးနေ့ပွဲလေးတစ်ခုကို အတူတက်ရောက်ရင်း ထိပ်ထားလေးနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ချစ်စရာကောင်းလွန်းတဲ့ ထိပ်ထားလေးကို အသည်းတွေယားပြီး ချစ်မဝဖြစ်လို့နေတာပါ..။

ထိပ်ထားလေးနဲ့ အမှတ်တရရိုက်ကူးထားတဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း စူးရှထက်က ချစ်ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်နော်..။

"အမလေး အပြင်မှာ ပိုချစ်ဖို့ အလွန်ကောင်း

အသဲတွေကုန်ပါp.." ဆိုပြီး အမှတ်တရဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေကို မျှဝေလိုက်တာပဲ ဖြစ်ပါတယ်..။

Photo Credit - Zar Chi's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။