သရုပ်ဆောင်နိုင်းနိုင်းဟာ အနုပညာအလုပ်တွေသာမက သားသမီတွေအပေါ် ဖခင်ကောင်းတစ်ယောက်အဖြစ်တာဝန်ကျေပွန်သူတစ်ယောက်ပါ။ သူဟာ မကြာသေးခင်မှလည်း သား၊သမီးတွေရှိရာနယူးယောက်ကိုသွားရောက်လည်ပတ်ထားသူပါ။ နယူးယောက်ကိုရောက်ရှိနေစဉ်မှာလည်း ကလေးတွေနဲ့အတူ ပျော်ရွှင်စရာအချိန်တွေကို ဖြတ်သန်းခဲ့တာပါ။ 

Photo Credit -Actor 99’s Facebook
Photo Credit -Actor 99’s Facebook

ကလေးတွေနဲ့အတူ ရိုက်ကူးထားတဲ့ဗီဒီယိုတွေကိုလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို ဝေမျှလေ့ရှိသူပါ။ ပရိသတ်တွေကလည်း သူတို့မိသားစုလေးကိုကြည့်ပြီး အားကျနေကြတာပါ။ အခုမှာလည်း ကလေးတွေနဲ့ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ 

Photo Credit -Actor 99’s Facebook
Photo Credit -Actor 99’s Facebook

နိုင်းနိုင်းကတော့ သူ့ရဲ့သား၊သမီးတွေနဲ့အတူ ငယ်စဉ်ကဆော့ကစားခဲတဲ့ Mario ဂိမ်းလေးကိုအတူတကွဆော့ကစားနေကြတာပါ။ သူ့ရဲ့Facebook Page မှာတော့" ကျွန်တော့် ရဲဘော်များနှင့် ၁၉၉၃ ခုနစ် သို့ပြန်ရောက်သွားခြင်း....ကျွန်တော်ငယ်ငယ်က ထမင်းမစား ဟင်းမစား...မဂိမ်းမချင်း ဆော့ခဲ့သော....ဂိမ်းကို ရဲဘော်များကိုပေးဆော့လိုက်သောအခါ..

#Actor99 “ ဆိုပြီး ရေးသားဝေမျှထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကိုတစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- Actor 99’s Facebook Account

Photo Credit - Actor 99’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။