ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ မင်းသမီးချောလေးတွေကတော့ ခေးဆက်သွင်၊ နန်းစန္ဒာလှထွန်း၊ ဆောင်းဝတ်ရည်မေနဲ့ ပိုးကြာဖြူခင်တို့ပဲ ဖြစ်ကြပါတယ်။ သူမတို့လေးယောက်လုံးက ဇာတ်လမ်းတွဲလေးတွေ တော်တော်များများမှာ ပါဝင်ရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှုတွေ တစ်ခဲနက်ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit -Poe Kyaw Phyu Khin's FB
Photo Credit -Poe Kyaw Phyu Khin's FB
Photo Credit -Khay Sett Thwin's FB

သူမတို့လေးယောက်လုံးက ဇာတ်လမ်းတွဲလေးတွေကိုယ်စီနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေကြတာပဲ ဖြစ်ပါတယ်။ မတူညီတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ သူမတို့လေးယောက်ကတော့ အပြုံးချိုချိုလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းကြတဲ့ မိန်းမလှလေးတွေပဲ ဖြစ်ကြပါတယ်။ အခုလည်း ပိုးကြာဖြူခင်တို့အနုပညာညီအစ်မတစ်စုက ချယ်ရီဦးနာရီဆိုင်ရဲ့ ဆိုင်သစ်ဖွင့်ပွဲအခမ်းအနားကို အတူတူတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

Photo Credit -Nan Sandar Hla Htun's FB
Photo Credit -Poe Kyaw Phyu Khin's FB
Photo Credit -Poe Kyaw Phyu Khin's FB
Photo Credit -Poe Kyaw Phyu Khin's FB

မုံရွာမြို့မှာ ကျင်းပပြုလုပ်တဲ့ ချယ်ရီဦးဆိုင်ဖွင့်ပွဲလေးကိုတော့ ခေးဆက်သွင်၊ ပိုးကြာဖြူခင်၊ နန်းစန္ဒာလှထွန်းနဲ့ ဆောင်းဝတ်ရည်မေတို့က ဖက်ရှင်တစ်မျိုးစီနဲ့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဇာတ်လမ်းတွဲမင်းသမီးချောလေး လေးယောက်ရဲ့ ပွဲတက်အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Poe Kyaw Phyu Khin's FB & Khay Sett Thwin's FB

Photo Credit -Khay Sett Thwin's FB
Photo Credit -Poe Kyaw Phyu Khin's FB
Photo Credit -Poe Kyaw Phyu Khin's FB
Photo Credit- Khay Sett Thwin's Fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။