မော်ဒယ်လောကမှာ နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တွေကိုသိမ်းပိုက်ထားတဲ့ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ညိမ်းသော်က လက်ရှိမှာ တက်သစ်စ အနုပညာရှင်တစ်ယောက်အဖြစ် အကောင်းဆုံးကြိုးစားနေတာကို မြင်တွေ့ရမှာပါ။ စမတ်ကျပြီး ကိုရီးယားဆန်တဲ့ ပုံစံလေးတွေကြောင့် ကောင်မလေးတွေကြားမှာ ရေပန်းစားနေတဲ့ သူတစ်ယောက်ဖြစ်တဲ့ အပြင်အားလုံးရဲ့ စိတ်ဝင်စားမှုကို ခံရတဲ့ မော်ဒယ်မင်းသားချောလေးဖြစ်ပါတယ်။

Photo Credit:Nyein Thaw Facebook
Photo Credit:Nyein Thaw Facebook

ညိမ်းသော်ကတော့ ခရီးတွေ ဆက်တိုက်ထွက်နေတာဖြစ်ပြီး ခရီးသွား အမှတ်တရ အမိုက်စားပုံတွေကိုလည်း သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ကြော်ငြာတွေ Photo ရူတင်တွေ ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ ကောင်မလေးတွေကြွေသွားရလောက်တဲ့ ဂျပန် ရိုးရာဝတ်စုံလေးနဲ့အပြတ်လန်းနေတဲ့ အမိုက်စားပုံလေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit:Nyein Thaw Facebook
Photo Credit:Nyein Thaw Facebook

ပုံလေးထဲမှာ ညိမ်းသော်တစ်ယောက် အရမ်းချစ်ဖို့ကောင်းလွန်းနေတာလည်းဖြစ်ပါတယ်။ဖက်ရှင်မော်ဒယ် တစ်ယောက်အဖြစ် စတင်နာမည်ကြီးခဲ့တဲ့ ညိမ်းသော်ကအခုဆို သရုပ်ဆောင်မင်းသားအဖြစ် ရုပ်ရှင်ကားတွေပါ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးတွက် ညိမ်းသော်ရဲ့ ပုံလေးကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Photo Credit:Nyein Thaw Facebook
Photo Credit:Nyein Thaw Facebook

Source:Nyein Thaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။