ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အကယ်ဒမီမြင့်မြတ်ဟာဆိုရင် အနုပညာအလုပ်တွေကိုတစိုက်မက်မက်လုပ်ကိုင်ပြီး အောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်တဲ့မင်းသားတစ်လက်ပါနော်။ပရိသတ်တွေက သဘာဝမင်းသားကြီးတစ်လက်လို့ တင်စားခေါ်ဝေါ်ရလောက်အောင် ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်ပြီး အိုင်တင်ကောင်းကောင်းနဲ့ သရုပ်ဆောင်သွားနိုင်တာက ချီးကျူးစရာပါပဲနော်။
မြင့်မြတ်က အနုပညာအလုပ်တွေကိုလည်း မပျက်မကွက်ကြိုးစားသလို မိသားစုအတွက်လည်းမလစ်ဟင်းအောင် အချိန်ပေးဖြစ်ပါတယ်။မြင့်မြတ်ရဲ့ သားချောလေး မြတ်သူဟာဆိုရင်လည်း ဖြူဖြူလုံးလုံးလေးနဲ့အရမ်းချစ်စရာကောင်းလို့ ပရိသတ်တွေကအရမ်းချစ်နေရတာပါ။မြင့်မြတ်ကတော့ သားလေးကို သေချာဂရုစိုက်ပြီး တစ်ခါတစ်လေရှုတင်တွေကိုလည်း ခေါ်သွားပါတယ်။
မြင့်မြတ်တို့မိသားစုလေးက သာယာနွေးထွေးမှုအပြည့်နဲ့အရမ်းချစ်စရာကောင်းကြလို့ ပရိသတ်တွေကအားကျနေရတာပါ။အခုဆိုရင်လည်း မြင့်မြတ်တို့မိသားစုလေးက အပြင်ထွက်လည်ကြပြီး သားလေးကိုပေါင်ပေါ်တင်ကာ ကားမောင်းသင်ပေးနေတဲ့ ဖေဖေမြင့်မြတ်ကတော့ သားလေးရဲ့အပြုအမူလေးတွေကိုအရမ်းချစ်နေတာကြောင့် ပီတိဖြစ်တဲ့အပြုံးတွေနဲ့ကြည့်နေတဲ့ပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။
Photo Credit:Myat Wai Tun's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။