သရုပ်ဆောင် မင်းသမီးချော လင်းဇာနည်ဇော်ကတော့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက်မိခင်ပဲ ဖြစ်ပါတယ်။ မြူလင်းကိုကိုလို့ အမည်ပေးထားတဲ့ လင်းဇာနည်ဇော်ရဲ့ချစ်သမီးလေးက မိခင်ဖြစ်သူနဲ့ရုပ်ချင်းဆင်သလို အသားဖြူဖြူလေးနဲ့ တကယ့်ကိုချောမောလှပလွန်းသူလေးလည်း ဖြစ်ပါတယ်။

Photo Credit-Myu Linn Ko Ko's FB
Photo Credit-Myu Linn Ko Ko's FB
Photo Credit-Myu Linn Ko Ko's FB

ယခုလက်ရှိ သြစတေးလျနိုင်ငံမှာ ပညာသွားရောက်သင်ကြားနေတဲ့ မြူလင်းကိုကိုက မကြာခင်မှာ မိခင်ရှိရာ မြန်မာနိုင်ငံကိုပြန်လာတော့မှာပဲ ဖြစ်ပါတယ်။ ဘိုမရုပ်လေးလို့တောင် ထင်မှတ်ရတဲ့ မြူလင်းကိုကိုလေးကိုတော့ မြန်မာနိုင်ငံက ပရိသတ်တွေအားလုံးကလည်း ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။

Photo Credit-Myu Linn Ko Ko's FB
Photo Credit-Myu Linn Ko Ko's FB
Photo Credit-Myu Linn Ko Ko's FB

အခုလည်း မြူလင်းကိုကိုက ရွှေဝါရောင်ဆံနွယ်လေးတွေနဲ့ အရမ်းကိုတောက်ပပြီး လှနေတဲ့ သူမရဲ့ပုံသစ်လေးတွေကို လူမှုကွန်ယက်မှာတင်ထားပါတယ်။ မြူလင်းကိုကိုက နိုင်ငံခြားသူလေးလို ဘိုဆန်ပြီး အရမ်းကို ချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လင်းဇာနည်ဇော်ရဲ့ချစ်သမီးလေး မြူလင်းကိုကိုရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Myu Linn Ko Ko's FB

Photo Credit-Myu Linn Ko Ko's FB
Photo Credit-Myu Linn Ko Ko's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။