မော်လ်ဒယ်လောကမှ အနုပညာနယ်ပယ်ထဲသို့ အောင်မြင်စွာဝင်ရောက်ခဲ့တဲ့ မင်းသမီးယုသန္တာတင်ကိုလည်းသိကြမယ်ထင်ပါတယ်နော်။ သူမကတော့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်တွေပိုင်ဆိုင်ထားတာကြောင့် အချိန်အတိုလေးအတွင်းမှာတင် ပရိသတ်အားပေးမှုကို ရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။သူမရဲ့ သရုပ်ဆောင်မှု ဇာတ်ကားတော်တော်များများကလည်း ပရိသတ်တွေအကြိုက်တွေ့ခဲ့ရတဲ့ ဇာတ်ကားလေးတွေပဲ ဖြစ်ပါတယ်နော်။

Photo Credit:Yu Thandar Tin Facebook
Photo Credit:Yu Thandar Tin Facebook

သူမကတော့လက်ရှိမှာ ပြည်တွင်းပြည်ပခရီးစဉ်တွေ ဆက်တိုက်ထွက်နေတာဖြစ်ပြီး ခရီးသွားအမှတ်တရပုံလေးတွေကိုလည်းအမြဲလိုလို ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာတော့ ကမ္ဘာ့နာမည်ကြီးအလှဆုံးနေရာလေးကိုရောက်ရှိခဲ့တဲ့ အမှတ်တရပုံလေးတွေကို သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ ဆွဲဆောင်မှုရှိရှိနဲ့ လှရက်လွန်းနေတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။

Photo Credit:Yu Thandar Tin Facebook
Photo Credit:Yu Thandar Tin Facebook

ယုရဲ့ အရမ်းကိုပျော်ရွှင်နေတဲ့ မျက်နှာလေးကို ပုံရိပ်လေးတွေထဲမှာ အထင်းသားမြင်တွေ့ရပါတယ်နော်။ အရမ်းမိုက်တဲ့ ရူ့ခင်းကြီးကို နောက်ခံထားကာ အမိုက်စားရိုက်ထားတဲ့ ခရီးသွားပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်နော်။ယုလည်း ဒီထက်မက အောင်မြင်မှုရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit:Yu Thandar Tin Facebook
Photo Credit:Yu Thandar Tin Facebook

Source:Yu Thandar Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။