မျိုးဆက်သစ် ကစားသမားများ ထွက်ပေါ်လာရေးအတွက် ရည်ရွယ်ကျင်းပသည့် ပဲခူးတိုင်းဒေသကြီးအဆင့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် တောင်ငူ(ခ)အသင်းက တံခွန်စိုက်ဆုဖလားကြီးကို နှစ်ကြိမ်ဆက် ရယူသွားနိုင်ခဲ့ပါတယ်။

PHOTO CREDIT : MNL
PHOTO CREDIT : MNL

ယနေ့ ညနေပိုင်းက ပဲခူးမြို့၊ Grand Royal ကွင်း၌ ကျင်းပခဲ့သည့် ဗိုလ်လုပွဲစဉ်တွင် လက်ရှိချန်ပီယံတောင်ငူ(ခ) အသင်းနှင့် ပဲခူး(ဂ)အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်အပြီး တောင်ငူ(ခ)အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။

PHOTO CREDIT : MNL
PHOTO CREDIT : MNL
PHOTO CREDIT : MNL

တောင်ငူ(ခ)အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၁၃ မိနစ်တွင် အောင်သူသန်းထိုက်က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး တံခွန်စိုက်ဆုဖလားကို (၂) နှစ်ဆက် ရယူနိုင်ခဲ့ပါတယ်။ယခုပြိုင်ပွဲ၏ တတိယဆုအား ပဲခူး(က)အသင်းက ရယူနိုင်ခဲ့ပါတယ်။

source: MNL 

PHOTO CREDIT : MNL
PHOTO CREDIT : MNL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။