ထပ်ဆင့်အကယ်ဒမီ မင်းသမီးချောလေး သက်မွန်မြင့်ဟာဆိုရင် တစ်ခေတ်တစ်ခါတည်းက အနုပညာအလုပ်တွေကိုလုပ်ဆောင်ခဲ့တာကြောင့် သက်တမ်းကလည်း ၁၀စုနှစ်ကျော်နေပါပြီနော်။တစ်ခေတ်မှာ တိုင်းရင်းသူအလှမယ်သရဖူကိုဆောင်းခဲ့ပြီး အနုပညာအလုပ်တွေကို ဆက်တိုက်လှုပ်ရှားခဲ့တာကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုရရှိခဲ့တာပါ။

Source:Thet Mon Myint's Facebook/Photo Credit:Amazing Grace
Source:Thet Mon Myint's Facebook/Photo Credit:Amazing Grace
Source:Thet Mon Myint's Facebook/Photo Credit:Amazing Grace

ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေတာပါနော်။သက်မွန်ရဲ့ချစ်ခင်ပွန်းကလည်း အနုပညာအလုပ်ကို နားလည်မှုအပြည့်ပေးပြီး တစ်ဖက်တစ်လမ်းကနေ ကူညီဖေးမပေးနေတာပါ။သက်မွန်ကတော့ မိသားစုကိုလည်း သေချာဂရုစိုက်စောင့်ရှောက်ပြီး အိမ်ရှင်မကောင်းတစ်ယောက်ပီသစွာနေထိုင်ပါတယ်။

Source:Thet Mon Myint's Facebook/Photo Credit:Amazing Grace
Source:Thet Mon Myint's Facebook/Photo Credit:Amazing Grace
Source:Thet Mon Myint's Facebook/Photo Credit:Amazing Grace

သက်မွန်ရဲ့သားနဲ့သမီးကလည်း ချစ်မွှေးလေးတွေပါကြတာကြောင့် ပရိသတ်တွေက အားချစ်နဲ့လဝန်းကိုအရမ်းချစ်ကြပါတယ်။မေမေသက်မွန်ကတော့ ကလေးနှစ်ယောက်မွေးထားတာတောင် လှပနုနယ်နေပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။အခုဆိုရင်လည်း ဘာလာလာရုပ်ရှင်ဇာတ်ကားကြီးရဲ့ လက်မှတ်ထိုးပွဲလေးကို တက်ရောက်ပြီး အရမ်းချစ်စရာကောင်းနေတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Thet Mon Myint's Facebook/Photo Credit:Amazing Grace
Source:Thet Mon Myint's Facebook/Photo Credit:Amazing Grace
Source:Thet Mon Myint's Facebook/Photo Credit:Amazing Grace

Source:Thet Mon Myint's Facebook/Photo Credit:Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။