ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကိုအပြည့်အဝသိမ်းပိုက်ထားတဲ့ အနုပညာရှင်ကတော့ သရုပ်ဆောင်မင်းသမီးချော မယ်လိုဒီပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်မှုတွေရရှိထားသလို နားလည်ပြီးချစ်ခင်ကြင်နာတတ်တဲ့ ခင်ပွန်းနဲ့ ချစ်စရာကောင်းတဲ့ သားချောလေးကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားလေးဘဝလေးကို ဖြတ်သန်းနေသူပါပဲ..။

Photo Credit - Actress Melody
Photo Credit - Actress Melody

သူမကိုယ်တိုင် အနုပညာလောကမှာ အောင်မြင်နေသလို သားချောလေး သိဒ္ဓီစစ်လေးကလည်း ပရိသတ်တွေအချစ်ပိုနေရတဲ့ ပြည်သူ့အသည်းကျော်လေးပဲ ဖြစ်ပါတယ်..။

ချစ်စရာကောင်းလွန်းတဲ့ မယ်လိုဒီရဲ့ သားချောလး သိဒွီစစ်လေးကတော့ အခုတစ်ခါမှာ စတိုင်လ်အပြည့်နဲ့ဓာတ်ဖမ်းထားတဲ့ အသည်းယားစရာပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်..။

Photo Credit - Actress Melody
Photo Credit - Actress Melody
Photo Credit - Actress Melody

ဖေဖေ မေမေတို့နဲ့အတူ အပြင်မှာနေ့လည်စာထွက်စားခါနီး မသွားခင်မှာ စတိုင်လ်တွေအပြည့်နဲ့ မင်းသားရှုံးလောက်အောင် ပဲပေးဓာတ်ဖမ်းနေတဲ့ သားလေး သိဒွီစစ်လေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို မေမေမယ်လိုဒီက ချစ်ပရိသတ်တွေကို ပြန်လည်မှဝေပေးထားတာပါ..။

"တနင်္ဂနေ့ နေ့လည်စာ ဖေဖေ မေမေနဲ့အပြင်ထွက်စားဖြစ်ပါတယ်ခင်ဗျာ

၇ရက်သားသမီးအားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံပါစေခင်ဗျာ.." ဆိုပြီး ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

Photo Credit - Actress Melody
Photo Credit - Actress Melody

Photo Credit - Actress Melody

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။