ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ ကိုယ်ဝန်ဆောင် မိခင်သည်တွေ အနေနဲ့ သတိထား ဂရုစိုက်ရမယ့် ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်ဝန်ဆိပ်တက်ခြင်း (သို့မဟုတ်) ကိုယ်ဝန်ဆောင် သွေးတိုးရောဂါအကြောင်း နွေးဆွေးဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ သွေးတိုးတယ်လို့ ပြောဖို့အတွက် သွေးပေါင်ချိန် လေးနာရီခြားနှစ်ခါတိုင်း ကြည့်လို့ ၁၄၀/ ၉၀ အထက်ရှိနေဖို့ လိုပါတယ်...။

Photo Credit pngtree

ကိုယ်ဝန်ဆောင်ကာလမှာ သွေးတိုးရင် ဆီးမှာပါ အနည်တွေပါတတ်ပါတယ်...။ ၂၄ နာရီအတွင်း ပရိုတင်းလို့ခေါ်တဲ့ အသားဓာတ်တွေ ၃၀၀ မီလီဂရမ်ထက်ကျော်ပြီး ဆီးထဲမှာပါလာတာပါ.....။ ဒါ့အပြင် ခြေတွေ လက်တွေလည်း ဖောလာတတ်ပါတယ်။ ခန္ဓာကိုယ်အတွင်း အပြောင်းအလဲကတော့...မိခင်မှာ သွေးတိုးတာအပြင် နှလုံးကပါ ကောင်းကောင်းမညှစ်နိုင်တဲ့အတွက် အဆုတ်ရေမွန်းတာ၊ ဖောတာ၊ မောတာတွေ ဖြစ်လာပါတယ်...။ ကျောက်ကပ်ဆဲလ်တွေ ပျက်စီးလာမယ်၊ ဆီးထဲ အသားဓာတ်တွေပါမယ်၊ ကျောက်ကပ်စစ်ထုတ်နှုန်းတွေ ကျလာမယ်၊ ယူရစ်အက်စစ်တွေများလာပြီး ဆီးသွားတာနည်းလာပါမယ်...။ သွေးတွေ ပြစ်လာပါမယ်...။

Photo Credit For Your Health For Your Beauty

ဘယ်လိုအချက်တွေက ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ ဖြစ်စေသလဲ ဆိုတာကတော့.....

(၁) အသက် ၄၀ ကျော်

(၂) သားဆက်များတာ

(၃) အရင်ကိုယ်ဝန်တုန်းက ဖြစ်ဖူးတာ

(၄) နောက်ဆုံးကိုယ်ဝန်နဲ့ လက်ရှိကိုယ်ဝန် ၁၀ နှစ်နဲ့ အထက်အချိန်ဟနေတာ

(၅) မိခင်နဲ့ ညီအစ်မတွေ၊ ဆွေမျိုးတွေမှာကိုယ်ဝန်ဆောင် သွေးတိုးရောဂါဖြစ်ဖူးတာ

(၆) အမြွှာကိုယ်ဝန်ဆောင်တာ

(၇) နဂိုမူလ သွေးတိုးရောဂါရှိတာ

(၈) နဂိုမူလ ကျောက်ကပ်ရောဂါရှိတာ

(၉) နဂိုမူလ ဆီးချိုရောဂါရှိတာ

(၁၀) BMI ၃၅ အထက်ရှိနေတာ

(၁၁) ကိုယ်ဝန်လာပြစဉ်သွေးပေါင်ချိန်ဟာ ၈၀အထက်ရှိနေတာ

(၁၂) ကိုယ်ဝန်လာပြစဉ် ဆီးထဲ အသားဓာတ်ပါနေတာ

(၁၃) အိမ်ထောင်ဘက်အသစ်နဲ့ရတဲ့ကိုယ်ဝန် စတာတွေကြောင့်ပဲဖြစ်ပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "မေမေဖြစ်တော့မှာလား၊ ဒါလေးတွေ သိထားကြစေသား အပိုင်း(၄)" ကျန်းမာရေးဆောင်းပါးမှ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ ဖြစ်စေတဲ့ အချက်တွေကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်....။

source ဒေါက်တာစိမ့်စမ်းဖြူ

Photo Credit pngtree 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။