ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော်ဆယ်လီ အနုပညာရှင်ကတော့ မင်းသမီးချောလေး မိုးယုစံပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်စရာသားလေးတစ်ယောက်ကိုမွေးဖွားခါးပြီး ကြည်နူးအားကျစရာကောင်းတဲ့ ပျော်ရွှင်စရာမိသားစုလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပါ..။

မင်းသမီးချောမိုးယုစံကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသလို အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်ပြီး အခုတစ်ခါမှာလည်း မိသားစုနဲ့အတူ ကြည်နူးစွာ အလှူလေးတွေ ပြုလုပ်နေပြန်ပါတယ်..။

သိမ်ဆင်းအလှူလေးနဲ့ တောင်ပုလုကျောင်းတိုက် ကုတင်၁၆လုံးဆန့် တိုက်နယ်ဆေးရုံအတွက် အလှူငွေတွေလည်း မိသားစုနဲ့အတူ ကြည်နူးပျော်ရွှင်စွာ လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်..။

မိသားစုအလှူအမှတ်တရပုံရိပ်လေးတွေကိုလည်း မိုးယုက ချစ်ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက်လည်း ပြန်လည်မျှဝေထားသေးတာမို့ အေးချမ်းလွန်းတဲ့ မိသားပုံရိပ်လေးတွေကို ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်နော်..။

"သိမ်ဆင်းအလှူ တောင်ပုလုကျောင်းတိုက် ကုတင် ၁၆လုံးဆံ့တိုက်နယ်ဆေးရုံ အတွက်အလှူငွေ ၃သိန်းလှူဒါန်း.." ဆိုပြီး အလှူအမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာပါ..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။