(၁) အချိုဓာတ်ကဲတဲ့ကာဗိုဟိုက်ဒရိတ် - ဒါကတော့ သကြားကိုပြောတာပါ။ "simple carbohydrate" လို့ ခေါ်ပါတယ်...။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ သဘာဝအလျောက်ပါဝင်နေတဲ့ ကာဗိုက်ဟိုက်ဒရိတ်တစ်မျိုးဖြစ်ပါတယ်...။ လိုအပ်တဲ့စွမ်းအင်ကို အများဆုံး ၁၁ ရာခိုင်နှုန်းအထိပဲပေးနိုင်ပါတယ်...။ အချိုဓာတ်ကဲတဲ့ကာဗိုဟိုက်ဒရိတ်ကိုမှ ထက်ခွဲရင်တော့ သစ်သီးတွေကရတဲ့ Fructose (Intrinsic Sugars)၊ အိမ်မှာသုံးနေတဲ့ သကြား၊ ဖျော်ရည်၊ ပျားရည်၊ ကိတ်မုန့် တွေကရတဲ့ Sucrose (Non-Milk Extrinsic Sugars) နဲ့ နို့ကရတဲ့ Lactose (Milk Sugars) ဆိုပြီး ရှိပါတယ်....။

photo credit pngtree

(၂) ကစီဓာတ်ကဲတဲ့ ကာဗိုဟိုက်ဒရိတ် - Starch ခေါ် ကစီဓာတ်ကတော့ "complex carbohydrate" တွေဖြစ်ပါတယ်...။ သကြားယူနစ်လေးတွေ အများကြီး နဲ့ ဖွဲ့စည်းထားတဲ့သဘောပေါ့နော်...။ ကစီဓာတ်ကိုတော့ ပေါင်မုန့်၊ ထမင်း၊ ချာပါတီ၊ ပါစတာ၊ အစေ့အနှံ၊ ပြောင်း၊ အုပ်(whole grains)၊ အာလူး၊ ဟင်းသီးဟင်းရွက်၊ ပဲနဲ့ မြေပဲတွေမှာ တွေ့ရပါတယ်....။

photo credit pngtree

(၃) အမျှင်ဓာတ် ( Fiber) - နောက်တစ်ခုကတော့ အမျှင်ဓာတ်ပါ...။ တချို့ကလည်း အမျှင်ဓာတ်ဆိုတာ ကာဗိုဟိုက်ဒရိတ်အမျိုးအစားဆိုတာ မသိဘဲ သက်သက်လို့ထင်နေကြသူတွေလည်း ရှိပါတယ်...။ သူကလည်း "complex carbohydrate"ပါ...။ "Non-starch polysaccharides" လို့လည်းခေါ်ပါတယ်...။ အူထဲမှာမခြေဖျတ်နိုင်တာကြောင့် ဝမ်းချုပ်တာနဲ့ တခြားအူလမ်းကြောင်းရောဂါတွေကို ကာကွယ်ပေးပါတယ်...။ ဒါ့အပြင် သွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေတယ်။ ပေါင်မုန့် (whole meal brerad) ၊ နှံစားပြောင်း၊ ပဲ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်ပါတယ်...။သဘာဝအတိုင်းရတဲ့ ကာဗိုဟိုက်ဒရိတ်တွေကတော့ ကျန်းမာရေးအတွက်ကောင်းတာကြောင့် စားသုံးပေးဖို့လိုအပ်ပြီး ပြုပြင်စီရင်ထားတဲ့သကြားချိုတွေကတော့ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်တာနဲ့ ကိုယ်အလေးချိန်လျော့ချတဲ့နေရာမှာလည်း အဟန့်အတားတွေဖြစ်စေပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူ ရေးသားထားတဲ့ “ကာဗိုဟိုဒရိတ်တွေကို ရှောင်ရမှာလား" ဆိုတဲ့ ကျန်းမာရေးဆောင်းပါးမှ အဓိကအားဖြင့် သိထားရမယ့် ကာဗိုဟိုက်ဒရိတ် (၃) မျိုးကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်....။

Source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree

photo credit For Your Health For Your Beauty Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။