သရုပ်ဆောင်မြင့်မြတ်နဲ့ ရုပ်ချင်းဆင်တယ်လို့ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းခံထားရသူကတော့ သရုပ်ဆောင်ရှင်မွေလပါ။ သူဟာ ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် အနုပညာလောကမှာ အချိန်တိုအတွင်းအောင်မြင်မှုတွေ ရရှိထားသူပါ။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။  

Photo Credit - Wai Lar Yi's Facebook
Photo Credit - Wai Lar Yi's Facebook
Photo Credit - Wai Lar Yi's Facebook

သူပါဝင်သရုပ်ဆောင်ထားတဲ့ " နှင်းဆီ " ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲဟာလည်း ပရိသတ်တွေရဲ့အားပေးမှုကို တစ်ခဲနက်ရရှိထားတာပါ။ ဒါ့အပြင် လက်ရှိမှာလည်း " တတိယမြောက်ဆုံမှတ် " ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလည်း Mrtv-4 ရုပ်သံလိုင်းတွင်း ပြသလျက်ရှိနေတာပါ။ တစ်စထက်တစ်စ သရုပ်ဆောင်ပီပြင်လာမှုကြောင့်လည်း ပရိသတ်တွေက တစ်ခဲနက်အားပေးနေကြတာပါ။  

Photo Credit - Wai Lar Yi's Facebook
Photo Credit - Wai Lar Yi's Facebook
Photo Credit - Wai Lar Yi's Facebook

အခုမှာလည်း ဝေလာရီနဲ့အတူ မဂ္ဂဇင်းကြော်ငြာဓာတ်ပုံရိုက်ကူးနေကြတာပါ။ ရိုက်ကွင်းလေးမှာလည်း သရုပ်ဆောင်ဝေလာရီနဲ့အတူ Tik Tok လေးတွေဆော့ကစားထားကြတာကိုလည်း ဝေလာရီရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးတွေ ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Source - Wai Lar  Yi's Facebook  

Photo Credit - Wai Lar Yi's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။