ဒီတစ်ခါပြောပြမှာကတော့ မတော်တဆ ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေထဲက တစ်ခုဖြစ်ပြီးတော့ လူအသေအပျောက်လည်း များစွာရှိခဲ့တဲ့ အဖြစ်အပျက်ဆိုးတစ်ခုအကြောင်းပါပဲနော်။ ဘာမှမသိလိုက်သေးခင်အချိန်လေးမှာပဲ မြို့လယ်ခေါင်ကစက်ရုံကြီးတစ်လုံးနဲ့ လူတွေ မြေကြီးအောက်ထဲအရှင်လတ်လတ်ရောက်ခဲ့ရလောက်အောင်ထိကို ဆိုးရွားခဲ့တာပါ။ ဂွာတီမာလာနိုင်ငံမြို့တော်မှာရှိတဲ့ တွင်းပေါက်ကြီးတစ်ခုဟာ ၂၀၁၀ ပြည့်နှစ် မေလမှာ သုံးထပ်စက်ရုံကြီးတစ်လုံးကို ဝါးမျို ခဲ့ပြီးတော့ လူ ၁၅ ဦးကို ကွယ်လွန်စေခဲ့တဲ့အပြင် လူ ၃၀၀ ကျော်ကိုလည်း အန္တရာယ်နဲ့ ရင်ဆိုင်စေခဲ့ပါသတဲ့။

Photo Source : Pngtree

ဒီတွင်းပေါက်ကြီးဟာ ၆၅ ပေ ကျော် ကျယ်ဝန်းပြီးတော့ ပေ ၃၀၀ အနက်ရှိပါတယ် ။ တွင်းပေါက်ကြီး ပြိုကျခဲ့ရတဲ့အကြောင်းကိုတော့ အဂါသာ အပူတိုင်းမုန်တိုင်းတိုက်ခတ်မှု၊ပါကာရာ မီး တောင်ပေါက်ကွဲမှုနဲ့မြေအောက်မိလ္လာပိုက်များ ယိုစိမ့်မှုတွေကြောင့်ဖြစ်တာပါလို့ ဘူမိဇလဗေဒ ပညာရှင်တွေက ပြောကြားခဲ့ကြပါတယ်။ ဂွာတီမာလာနိုင်ငံမြို့တော်မှာပဲ၂၀၀၇ ခုနှစ်က အလားတူ တွင်းပေါက်တစ်ခုပြိုကျခဲ့ပြီး ပေ ၁၀၀ နက်တဲ့ တွင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့ပါသေးတယ်။

Photo Source : Pngtree

ဒေသခံတွေဟာ အလားတူ တွင်းပေါက်ကြီးတွေထပ်ဖြစ်လာမှာကို စိုးရိမ်ခဲ့တာကြောင့် ဖြစ်ပေါ်ခဲ့တဲ့ တွင်းတွေထဲကို ရွှံ့ကွန်ကရစ်လိုခေါ်တဲ့ ဘိလပ်မြေ၊ထုံးနဲ့ရေတို့ရောစပ်ထားတဲ့ ဖျော်ရည်တွေကို လောင်းထည့်ဖို့ စီစဉ်ခဲ့ကြပါတယ်။သို့သော်လည်း ပညာရှင်တွေက ဘိလပ်မြေတွေလောင်းထည့်တာဟာ မြေအောက်ရေလမ်းကြောင်းကို ပြောင်းစေနိုင်ကာ အခြားနေရာတွေမှာပါ တွင်ပေါက်တွေထပ်မံဖြစ်ပေါ်လာနိုင်ကြောင်းသတိပေးခဲ့ပြီး ကျောက်တုံးကြီးတွေကို အလွှာလိုက် ထည့်သွင်းသင့်ကြောင်းအကြံလည်းပေးခဲ့ကြပါတယ်။ ကဲ... ဒီတော့ နောက်ဆုံးအနေနဲ့ သဘာဝဘေးအန္တရာယ်ဆိုတာ ကြိုလည်းမမြင်နိုင်သလို ကြောက်စရာလည်း ကောင်းလွန်းတာမို့ မဖြစ်ခင်ကတည်းက တတ်နိုင်သမျှကြိုတင်ကာကွယ်နိုင်ကြစေဖို့ အကြံပြုလိုက်ပါရစေ ချစ်ပရိသတ်တို့ရေ...

Photo Source : Pngtree

Source : မောင် သာ ရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။