ဒီတစ်ခုကတော့ စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်နော်။ သူ့ရဲ့ သမိုင်းရာဇဝင်ကလည်း စိတ်ဝင်စားဖို့ကောင်းသလို ဖျက်မရအောင် စွန်းထင်းနေတဲ့ သွေးခြေရာတွေမျက်နှာကျက်တွေကလည်း တကယ့်ကို အံ့ဖွယ်ပါပဲနော်။ ဂျပန်နိုင်ငံမှာ ကံကြွေးချ စံနစ် ( ဥပမာ= အမှားလုပ်မိရင် သွေးကြွေးစပ်ပြီး ပြန်ပေးစပ်ရတဲ့ စံနစ်) ကို ဂျပန် ဒုတိယနိုင်ငံတော် တည်ထောင်သူ ဗိုလ်ချုပ်ကြီး တိုရိုတိုမီ Toyotomi Hideyoshi (1592)က အဆုံးသတ်ခဲ့ ပါတယ်။တိုရိုတိုမီ ဟာ ဖူရှီမီမြို့ကို တည်ထောင်သူဆိုရင်လည်းမမှားပါဘူး။တိုရိုတိုမီ ကွယ်လွန်တော့ သူ့ရဲ့ အာဏာကို ဆွေမျိုးတော်စပ်သူ တိုကုဂါဝါ Tokugawaဆက်လက် ထိန်းသိမ်း ခဲ့ရပါတယ်။ တိုကုဂါဝါ လက်ထက်မှာ ဂျပန်နိုင်ငံဟာ မတည်ငြိမ်သေးဘူး။

Photo Source: သံ ဇဉ် မိုးဇတ်

တစ်နေ့ ရောင်စုံ သူပုန် သောင်းကျန်းသူ အင်အား ၄၀၀၀၀ ကျော်ဟာ ဖူရှီမီ မြို့ကို ချဉ်းကပ်လာခဲ့ပါတယ်။ ဒါပေမဲ့ မြို့စောင့်တပ် က အင်အားဟာ၂၀၀၀ လောက်ပဲရှိခဲ့တာပါ။ သူတို့တွေကိုတော့ ဆာမူရိုင်း ဗိုလ်မှုး မိုတိုဒါတာ (Mototada) ကဦးဆောင်ထားခဲ့ပါတယ်။မြို့တော်ကို ကာကွယ်ဖို့ ဂျပန် နိုင်ငံအနောက်ပိုင်းက စစ်သည်တွေကို ခေါင်းဆောင်ကြီး တိုကုဂါဝါ ကဦးဆောင် ပြီး လူစု ခေါ်ဆောင်လာစဉ်မှာပဲ မြို့စောင့်တပ် လူပေါင်း ၂၀၀၀ ဟာ ကျဆုံးခဲ့ပါတယ်။ ဖြစ်စဉ် အားလုံးဟာ ၁၅ ရက်ပဲနောက်ကျပါတယ်။

Photo Source: သံ ဇဉ် မိုးဇတ်

စစ်သည် ၂၀၀၀ ရဲ့ ဒေါသ တွေ နာကျည်း မှုတွေ နဲ့ တိုက်ခိုက် ခုခံထား ခဲ့တဲ့ ဖူရှီမီမြို့ရဲတိုက်ထဲက သွေးတွေဟာဆိုရင် အခုအချိန်ထိ ဘယ်လိုမှ ဖြောက်ဖျက် မရခဲ့ ဘဲ နံရံ တွေ ကြမ်းခင်းတွေမှာ စွဲထင် ကျန်ရစ်လို့နေခဲ့ပါတယ်။ ဂျပန်နိုင်ငံ တတိယမျိုးဆက် Edo Period မှာ သွေးစွန်း နံရံ သွေးစွန်း ကြမ်းခင်းတွေကို စုစည်းပြီး Kyoto တရားရေး စီရင်စု နယ်မြေဘုန်းကြီးကျောင်း ၅ ကျောင်း မှာ မျက်နှာကျက် တွေအဖြစ်ပြု လုပ်ခဲ့ကြပါတယ်။ တည်နေရာကတော့ ဂျပန် ဟွန်ရှု့ Honshu ကျွန်းမှာရှိပြီးတော့ ကမ္ဘာလည့် ခရီးသွား တွေကို ဆွဲဆောင် လျက်ရှိပါတယ်နော်။ ကဲ... မျိုးချစ်စိတ်ဓာတ်တွေအပြည့်နဲ့ အသက်ပေးပြီးတိုက်ခိုက်ခဲ့တဲ့ သူရဲကောင်းစစ်သည်တွေရဲ့ သွေးစက်တွေ သွေးခြေရာတွေနဲ့အတူ သူတို့ရဲ့ ဂုဏ်သတင်းတွေဟာလည်း အခုအချိန်ထိ နာမည်တွင်ကျန်နေဆဲပါပဲ ချစ်ပရိသတ်တို့ရေ....

Photo Source: သံ ဇဉ် မိုးဇတ်

Source: သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။