တည်ကြက်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရင်း နေတိုးကတော့ လက်မှာ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာတစ်ချက်တည်းနဲ့ အောင်မြင်စွာ ဇာတ်ကားကို အဆုံးသတ်နိုင်ခဲ့လို့ နေတိုးကတော့ ကျေနပ်ပေမယ့် ပရိသတ်တွေကတော့ စိတ်ပူနေကြပါတယ်။

“ တည်ကြက်ရုပ်ရှင်မှာ “Adventure Movie” အမျိုးအစားဖြစ်ပြီး ပြင်ဆင်မှုများစွာနဲ့အတူ 2003 ခုနှစ်ဝန်းကျင်က ကျွန်တော်သင်ယူတတ်မြောက်ခဲ့သော ပညာရပ်တစ်ခုကို ပြင်းထန်စွာ အသုံးပြုခွင့်ရခဲ့သော ရုပ်ရှင်လည်း ဖြစ်ပါသည်။ သတိကြီးစွာ ထားနိုင်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာတစ်ချက်ဖြင့်သာ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါသည်။ ကျွန်တော်တို့ ထပ်မံကြိုးစားကြပါဦးမည်။ ဒီဇာတ်ကားကို ဖန်တီးခဲ့ကြသောသူများအားလုံးနဲ့ ပရိသတ်များအား တန်ဖိုးထားမှုများစွာဖြင့် … ထာဝရ နေတိုး” ဆိုပြီးတော့လဲ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပရိသတ်ကို အသိပေးထားပါတယ်။

Source: နေတိုးဖေ့ဘွတ်

MC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။