ချစ်ပရိသတ်တို့ရေ....အင်ဒိုနီရှားဘက်မှာဆိုရင် ပရိသတ်တို့ အတွက် အထူးအဆန်းတွေဖြစ်နေစေမယ့် ရွာဓလေ့တွေအယူအဆတွေကို များစွာတွေ့မြင်နိုင်ပါတယ်နော်။ သေပြီးသားလူတွေကို ပြန်ဖော်ပြီးတော့ အဝတ်အစားတွေဝတ် သန့်ရှင်းရေးတွေလုပ်ပေးတတ်တဲ့ အင်ဒိုနီးရှားရွာလေးအကြောင်းကိုလည်း ပရိတ်သတ်တို့လည်းသိပြီးသားဖြစ်မှာပါနော်။ ဒီတစ်ခုကလည်း အဆိုပါရွာလေးရဲ့ နောက်ထပ်ထူးဆန်းတဲ့ အယူအဆဓလေ့တစ်ခုဖြစ်တာကြောင့် ဗဟုသုတဖြစ်ဖွယ်မျှဝေပေးလိုက်ပါရစေနော်။

Photo Source : Pngtree

အင်ဒိုနီးရှားမှာ ထူးဆန်းတဲ့ရွာလေး တစ်ရွာ ရှိပါတယ်။ ၎င်းရွာလေးဟာ ရှေးဘုရင်တွေရဲ့ လက်အောက်ခံမင်းညီမင်းသားတွေ အုပ်ချုပ်တဲ့ရွာလေး တစ်ခုပါ။ Tana Toraja ဆိုပြီး အမည် ရှိပါတယ်။ အဲ့ဒီရွာလေးမှာဆိုရင် ရှေးခေတ် အယူအဆတွေ မပျောက်သေးပါဘူးနော်။ သူတို့ဟာ ကလေးငယ်လေးတွေသေတဲ့အခါကျရင် အဝတ်နဲ့ပတ်ပြီးတော့ အလွန်ကြီးမားတဲ့ သစ်ပင်ကြီးတွေရဲ့အထဲမှာ သစ်ပင်ကို အခေါင်းပေါက်ပြုလုပ်ပြီး မြှုတ်နှံကြပါသတဲ့နော်။

Photo Source : Pngtree

သူတို့ ဓလေ့ယုံကြည် မှုကတော့ ကလေးငယ်လေးတွေရဲ့ ဝိညာဉ်တွေဟာ သဘာဝသစ်ပင်တွေပေါ်မှာမှီခိုပြီးတော့ လေနဲ့အတူ အဝေးကို့ လွတ်လပ်စွာရောက်ရှိသွားဖို့အတွက် ရည်ရွယ်တယ်လို့ဆိုထားပါတယ်။ တည်ရှိတဲ့နေရာကတော့ Makassar မြို့ရဲ့ မြောက်ပိုင်း ၁၈၆ မိုင်အကွာ ဆူလာဝါဆီ ရဲ့တောင်ဘက်မှာ ရှိတဲ့ တောအုပ်တွေထဲက သစ်ပင် ကြီးတွေမှာ ကလေးငယ် လေးတွေရဲ့ရုပ် အလောင်းတွေရှိပါတယ်။ ကဲ...ကြောက်စရာလည်းကောင်း အံ့သြစရာလည်းကောင်းတဲ့ ဒီအင်ဒိုနီးရှားရွာလေးကတော့ အထူးတကာ့အထူးဆန်းဆုံးတွေထဲကတစ်ခုလို့ပြောရင် မှားမယ်မထင်ပါဘူးနော် ပရိသတ်တို့ရေ.... 

Photo Source : Pngtree

Source : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။