ချစ်ပရိသတ်တို့ရေ.... ကိုယ်တိုင်မစီစဉ်ထားဘဲ ဖြစ်တဲ့ တိုက်ဆိုင်မှုဆိုတာတွေဟာ လောကမှာအများကြီးပါနော်။ ဒီလိုတိုက်ဆိုင်မှုမျိုးတွေကို ပရိသတ်တွေကိုယ်တိုင်လည်း ကြုံဖူးတွေ့ဖူးကြမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်တဲ့ ကိစ္စမျိုးပဲဖြစ်ဖြစ် အခုပြောပြမယ့် လူလောက်တော့ တိုက်ဆိုင်လိမ့်မယ်မထင်ဘူးနော်။ သူ့ရဲ့ တိုက်ဆိုင်မှုကတော့ ကောင်းသောတိုက်ဆိုင်မှုလို့ဆိုရမလားပဲ....

Photo Source: Pngtree

1937 ခုနှစ် အမေရိကန်နိုင်ငံက မစ်ချီဂန်မှာ လမ်းသန့်ရှင်းရေး သမားလေး Joseph Figlock ဟာလမ်းသန့်ရှင်းရေး လုပ်နေတုန်းမှာ အဆောက် အဦး တစ်ခုရဲ့ ၄ ထပ်မြောက်မှ ကလေးငယ်တစ်ဦးဟာ သူ့ရဲ့ကိုယ်ပေါ်ကို ပြုတ်ကျလာခဲ့ကာ ဒဏ်ရာ တစ်ချို့ ရရှိခဲ့ပေမယ့်လည်း နှစ်ဦးစလုံး အသက်ရှင်ခဲ့ပါတယ်။ နောက်တစ်နှစ်မှာ လည်း သူဟာ အခြား အဆောက် အဦး တစ်ခုနားမှာ သန့်ရှင်းရေးလုပ်နေတုန်း ၂ နှစ်သားအရွယ် ကလေးငယ်လေးတစ်ဦး ၄ ထပ်အဆောက်အဦး ပြတင်းပေါက်ကနေ ပြုတ်ကျ လာခဲ့ပြီး Joseph Figlock မှ တိုက်တိုက်ဆိုင်ဆိုင် ကယ်တင်နိုင်ခဲ့ပြန်ပါတယ်။

Photo Source: Pngtree

သူဟာ ဘာကြောင့် ဒီလိုမျိုး တိုက်တိုက်ဆိုင်ဆိုင် ကယ်တင်နေနိုင်တာလဲ ဆိုတာကိုတော့ ဘုရားမှတစ်ပါး ဘယ်သူမှ သိနိုင်မယ်မထင်ပါဘူးနော်။ လူတစ်ယောက်တည်းမှာ ဒီလို နှစ်ကြိမ်ဆက်တိုက် ပုံစံတူတိုက်ဆိုင်မှုတွေကို တစ်နှစ်ခြားပြီးဖြစ်ဖို့ဆိုတာ တကယ်ကို မလွယ်တဲ့ ကိစ္စပါပဲ။ ကဲ... ဒီတော့ ပရိသတ်တို့ကော ဒီလိုမျိုးနီးနီးစပ်စပ်တိုက်ဆိုင်မှုတွေရှိခဲ့ဖူးကြလား? လွယ်တော့မလွယ်ပေမယ့် ရှိကောင်းရှိဖူးကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်နော်... 

Photo Source: သံ ဇဉ် မိုးဇတ်

Source: သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။