Alpha ကတော့ old နေပြီဖြစ်တဲ့ Fighter Hero တစ်ကောင်ပါပဲ။ သူရဲ့ Skill တွေက ကိုင်တွယ်သူကို သေဘေးကနေ ကယ်နိုင်ပြီး Kill ရအောင် ပြန်လုပ်ပေးနိုင်ပါတယ်။ တော်တော်မိုက်တဲ့ Old Hero ပါပဲ....အသင်း Battle ဆိုင်ရင်လဲ အဆင်ပြေပြီး ၅ ကောင်ကြားထဲ ဝင်လုံးလို့ကောင်းပါတယ်။ ပရိသတ်ကြီးထဲမှာရော ယနေ့တိုင် သူ့ကို ကိုင်တဲ့သူတွေရှိသေးကြလားမသိဘူး။ ဘာပဲဖြစ်ဖြစ် သူရဲ့ Skill တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ 

Photo Credit : Screenshot From Mobile Legends Game
Photo Credit : Screenshot From Mobile Legends Game

Skill 1ကတော့ သူရဲ့ လက်နက်နဲ့အကြောင်းတန်းတစ်ခုကို ပစ်လိုက်မှာဖြစ်ပြီးDamage ထိစေကာ ၇၀ရာခိုင်နှုန်း ရွှေ့လျားမှုနှေးစေပါမယ်။ အဲ့ချိန်မှာပဲ Beta ကလဲနောက်ကနေ နောက်တစ်ချက်ထပ်ပြီး အဲ့လမ်းအတိုင်းပစ်သွားမှာဖြစ်ပါတယ်။ Skill 2ကတော့ စက်ဝိုင်းခြမ်းပုံစံ လေဆာတန်းလိုက်မှာဖြစ်ပြီး ထိပါက Level အလိုက်သူလဲသွေးပြန်ရပြီး ရန်သူကို Damage ထိစေကာ သူရဲ့ Attack Speed လဲမြန်လာစေပါတယ်။ Beta ဟာလဲအဲ့ချိန်မှာ ရန်သူကိုပစ်ခတ်နေမှာဖြစ်ပြီး Damage ထိစေပါမယ်။ Ultimate ကတော့ သူရဲ့လက်နက်ကို ရန်သူနေရာအောက်ကနေပေါ်လာစေကာ Stun စေပြီး သူလဲ လက်နက်နောက်ကိုလိုက်ကာ သူသွားရာတောက်လျှောက် Damage ထိစေမှာဖြစ်ပြီး ရန်သူကို သူရဲ့လှံကိုထိတဲ့ရန်သူလဲ Damage ထိစေပါတယ်။ 

Photo Credit : Screenshot From Mobile Legends Game

Passive ကတော့ သူ Skill သုံးလိုက်တိုင်း ထိတဲ့ရန်သူအပေါ်ကို Beta ရဲ့ Summon အမှတ်လေးပေါ်မှာဖြစ်ပြီး ၂မှတ်မှတ်ပြီးချိန်မှာတော့ Beta Summon ကရန်သူကို True Damageနဲ့ ပစ်နေမှာဖြစ်ပါတယ်။ Battle ဆိုရင် Ulti သုံးပြီး ဝင်ကာ Skill 2 သုံးပါ။ အဲ့နောက်မှာတော့ Skill 1 သုံးပါ...သူရဲ့ Skill Cd တွေက မြန်တာမို့ တစ်ခုနဲ့တစ်ခု သုံးရဖို့ သိပ်မကြာပါဘူး။ ဒါကြောင့် သူအနေနဲ့ Basic attack ကို သိပ်သုံးစရာမလိုပါဘူး။ Emblem တွေကိုတော့ Global 1 နဲ့ပဲဖော်ပြပေးလိုက်ပါတယ်။ သူ့ကို အမာအနေနဲ့လဲ ဆော့လိုရပါတယ်။ 

Photo Credit : Screenshot From Mobile Legends Game

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။