Season လဲကုန်ုပြီး Hylos ရဲ့ Skin အသစ်စက်စက်ကြီးလဲရပြီး။ ဘာလို့ခုထိ သူ့ကိုမကိုင်ကြရသေးတလဲ။ Hylos ဟာအရင်ကထက်ပိုမိုကောင်းလာတယ်ဆိုတာကို ပရိသတ်ကြီး သထိထားမိကြလားမသိဘူး။ သူ့ကို အနည်းနည်း Buff ပေးထားပါတယ်။ ဒါကြောင့်ပဲ ခုတလောမှာ တခြားနိုင်ငံကသူတွေ တော်တော်များများ ပြန်ကိုင်လာကြပါတယ်။ ပွဲလန့်တုန်း ဖျာခင်း ဆိုတဲ့ Tank ကြီးက ယနေ့မှာတောင် ပြန်ထောင်လာပြီဖြစ်ပါတယ်။ 

Photo Credit : Screenshot From Mobile Legends Game
Photo Credit : Screenshot From Mobile Legends Game

Skill 1ကတော့ သူရဲလှံကြီးနဲ့ ရန်သူကိုထိုးလိုက်ကာ ထိတဲ့သူက Magic Damage လဲထိပြီး 1s ကြာ Stun နေစေမှာဖြစ်ပါတယ်။ Skill 2ကတော့ သူရဲ့အောက်မှာအဝိုင်းကြီးတစ်ခု သူသွားရာပေါ်နေမှာဖြစ်ပြီး ရန်သူတွေက အဲ့ကွင်းထဲမှာဆိုရင် နှေးလဲနှေးပြီး Magic Damage လဲ တရစပ်ထိနေစေမှာပါ။ အဲ့အပြင် တိုက်ခိုက်နှုန်းလဲနှေးနေစေမှာဖြစ်ပြီး သူအနေနဲ့ Skill 2 ကို၁၀ကြိမ်ထိ Stack စုနိုင်ပါတယ်။ Stack တိုင်းက ၂.၅စက္ကန့်ကြာမှာဖြစ်ပြီး များလေကြမ်းလေဖြစ်ပါတယ်။ နောက်တစ်ခါ Skill 2ကိုနှိပ်ရင်တော့ သုံးနေတာ ရပ်သွားမှာဖြစ်ပါတယ်။ Ultimate ကတော့ လမ်းတစ်ခုကို ခင်းလိုက်မှာဖြစ်ပြီး အဲ့လမ်းပေါ်မှာရှိတဲ့ အသင်းသားတွေဟာ မြန်သွားမှာဖြစ်ပြီး သွေးတွေလဲပြန်ရနေမှာဖြစ်ကာ ရန်သူတွေကိုလဲ နှေးနေစေမှာဖြစ်ပါတယ်။ 

Photo Credit : Screenshot From Mobile Legends Game

Passive ကတော့ သူရဲ့ Equipment နဲ့ Emblems တွေဆိကနေ Mana 1 points ကိုရရှိနေမှာဖြစ်ပြီး 1.5 points သွေးလဲရမှာဖြစ်ပါတယ်။ သူရဲ့ Mana မလောက်တဲ့အခါမှာ Skill တွေကို သူရဲ့သွေးနဲ့ သုံးနိုင်ပါတယ်။ mana ကုန်လဲ ပြဿနာမရှိပါဘူး...သူ့မှာ။ Battle ဆိုင်ပြီဆိုတာနဲ့ သူရဲ့ Ulti ကိုသုံးလိုက်ပါ...Skill 2လဲဖွင့်ထားပါ။ Skill 1 ကို အဓိက ကြမ်းနေတဲ့ Melee Hero ကိုထိအောင်သုံးပါ။ Mm တို့ Mage တို့ကိုလဲ ကိုယ်က ကပ်နိုင်ရင် Skill 1 ကိုထိအောင်သုံးလိုက်ပါ။ ကိုယ့်ဘက်က Hero တွေ အဓိက ရန်သူကို သတ်နိုင်ဖို့အတွက် Tank ပီပီ လုပ်ပေးပါ။ Emblem ကိုတော့ Global 1 ရဲ့ Item တွေကို ဖော်ပြပေးလိုက်ပါတယ်။ 

Photo Credit : Screenshot From Mobile Legends Game

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။