PHOTO CREDIT - ESL ONE

Topson ကတော့ Finland နိုင်ငံသားတစ်ဦးဖြစ်ပြီး အသက် 8 နှစ်ရွယ်လောက်ထဲက Dota ကိုကစားလာခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

Pro player ကစားသမားအဖြစ် မရပ်တည်ခင်ကတော့ Topson ဟာ သူ့အိမ်ခန်းထဲကနေ Dota 2 game ကစားတဲ့ Streamer တစ်ယာက်ဖြစ်ခဲ့ပြီး Ti 8 နီးမှ OG အသင်းကိုရောက်ရှိပြီး သူ့ရဲ့ Pro player life ကိုစတင်ခဲ့တာပဲဖြစ်ပါတယ်။

သူပထမဆုံး Ti ဝင်ပြိုင်တဲ့အချိန်မှာတော့ စိတ်လှုပ်ရှားမှုတွေကြောင့် အမှားအနည်းငယ်ရှိခဲ့ပေမယ့် သူ့ရဲ့အကောင်းဆုံးပုံစံကို ရအောင်ပြသခဲ့ပြီး OG အသင်းနဲ့အတူ TI 8 ရဲ့ winner ဖြစ်ခဲ့ပါတယ်။

Ti 8 ပြီးတဲ့နောက် TI 9 အတွက် DPC points တဲ့ ပြိုင်ပွဲတွေမှာဆိုရင်လည်း Topson ရဲ့ လက်စွမ်းဟာ အရင်ကထက် ပိုမိုကောင်းမွန်လာခဲ့တာတွေ့ရသလို Ti 9 ဝင်ရောက်ယှဉ်ပြိုင်ခဲ့ချိန်မှာဆိုရင်လည်း Topson ဟာ Monkey King , Tiny , Invoker , pugna တွေနဲ့ Ana ကိုကောင်းကောင်း space ရှာပေးနိုင်ခဲ့သလို လုပ်တိုင်းကိုဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။

Newbee နဲ့ပွဲတုန်းက ကစားပြခဲ့တဲ့ Topson ရဲ့ bristal back mid ကြီးကလည်း တော်တော်လေးကို performonce ထွက်ခဲ့တာပါ။

ပြိုင်ပွဲတလျှောက်လုံး တော်တော်လေး performance ကောင်းတွေပြသနိုင်ခဲ့တဲ့ Topson ဟာ Grandfinal မှာလည်း Liquid အသင်းကို Monkey king , Tiny , pugna စတဲ့ hero တွေနဲ့ပဲ ဖိအားပေးကစားနိုင်ခဲ့ပြီး OG အသင်းနဲ့အတူ နနှစ်ဆက်တိုက် Ti champion ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် Topson ဟာ Ti နနှစ် ဝင်ပြိုင်ပြီး နှစ်နှစ်လုံး Champion ဖြစ်ခဲ့တာကြောင့် 100 percent Ti winrate ရှိတဲ့ player အဖြစ် မှတ်တမ်းတင်ထားနိုင်ထားနိုင်တာပဲဖြစ်ပါတယ်။

AAAAA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။