ချစ်သူ၊ ရည်စားတွေ Relationship တစ်ခုခိုင်မြဲအောင် တည်ဆောက်တဲ့အခါမှာ ချစ်နေရုံနဲ့ မပြီးပါဖူး....။ သံယောဇဉ်ကြိုးတွေ ခိုင်မြဲအောင် အဘက်ဘက်ကနေ ကြိုးစားလုပ်ဆောင်နေရမှာဖြစ်ပါတယ်...။ ထိုကဲ့သို့လုပ်ဆောင်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ သံသယ တွေမလွန်ကဲဘဲ ယုံကြည်မှုတွေပိုအောင် စောင့်ထိန်းရမယ့် စည်းမျဉ်း၊ စည်းကမ်းလေးကို သေချာစွာ သတ်မှတ်ထားရမှာဖြစ်ပြီး နှစ်ယောက်စလုံးလိုက်နာမချိုးဖောက်ဖို့လည်း အထူးပင်လိုအပ်ပါတယ်...။ ဒီအချက်လေးတွေကို admin အနေနဲ့ ဆွေးနွေးတိုင်ပင် အကြံဉာဏ်ပေးဖော်ပြသွားမှာဖြစ်ပါတယ်...။

photo credit pngtree

ပထမဦးဆုံး အချက်အနေနဲ့ ပြောရမယ်ဆိုရင် ချစ်သူ၊ ရည်းစားတွေကြားမှာ အရေးကြီးဆုံးစောင့်ထိန်းသင့်တာက လက်မထပ်ခင် အတူနေတာ "Living Together"ပဲဖြစ်ပါတယ်...။ အနောက်နိုင်ငံတွေမှာ "Living Together" ကိစ္စတွေက ရေးကြီးခွင်ကျယ် ပြောစရာမလိုတော့လောက်အောင် အကျွမ်းတဝင် ရင်းနှီးပြီးသားဖြစ်နေကြပင်မယ့် မြန်မာနိုင်ငံလို ယဉ်ကျေးမှုအမွေအနှစ်နဲ့ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံမျိုးမှာ ချစ်သူ၊ ရည်းစား၊ စုံတွဲတွေ အနေနဲ့ ထိုကိစ္စမျိုးတွေကို အတုယူမမှီဝဲကြဖို့ တိုက်တွန်းချင်ပါတယ်...။ အခြားဘာသာဝင်တွေမှာလည်း လက်မထက်ခင် အတူနေတဲ့ကိစ္စမျိုးကို ဘယ်နည်းနဲ့မှ သဘောတူညီကြမှာမဟုတ်ပါဖူး.....။ ဘယ်နေရာမှာ၊ ဘာလူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာပဲကိုးကွယ်၊ ကိုးကွယ် အမျိုးသားကောင်းတစ်ယောက်ဖြစ်မယ်ဆိုရင် ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ ပန်းလေးတစ်ပွင့်ကို ယုယကြင်နာတန်ဖိုးထားကြမှာဖြစ်ပြီး အမျိုးသမီးကောင်းတစ်ယာက်ကလည်း ကိုယ်ရဲ့ ဖူးငုံပွင့်လန်းနေတဲ့ ပန်းလေးတစ်ပွင့်ကို လွယ်လွယ်နဲ့ အခြွေခံကြမှာမဟုတ်ပါဖူး...။

photo credit pngtree

ဒုတိယအနေနဲ့ ပြောချင်တာကတော့ ချစ်သူ၊ ရည်းစားဘဝမှာ အထက်မှာ ဖော်ပြသွားတဲ့ "Living Together" ကိစ္စကို နှစ်ယောက်စလုံးရဲ့ စိတ်ဆန္ဒအရ မထိန်းချုပ်နိုင်ဘဲ ဖြစ်ခဲ့မယ်ဆိုရင် အတတ်နိုင်ဆုံး မင်္ဂလာဆောင်ဖို့ ကိစ္စကို ယောက်ျားလေးဘက်က စီစဉ်ရမှာဖြစ်ပါတယ်....။ ထိုကဲ့သို့ စီစဉ်နေချိန်အတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် သဘောထားမတိုက်ဆိုင်ပဲ ပြတ်သွားခဲ့မယ်ဆိုရင် အဓိကနစ်နာသူက မိန်းကလေးပဲဖြစ်ပါတယ်....။ မိန်းကလေးဘက်ကတော့ ဒီလိုမျိုးကိစ္စတွေကို ဘယ်သူမှမဖြစ်ချင်ပါဖူး....။ ဒါကြောင့်မလို့ မိန်းကလေးတွေအနေနဲ့ ချစ်သူ၊ ရည်းစားရွေးချယ်တဲ့အခါမှာ နှလုံးသားချည်းပဲ ဦးစားမပေးပဲ၊ ဦးနှောက်နဲ့ စဉ်းစားချိန့်ချင်ဖို့လည်း လိုအပ်ပါတယ်....။ နောက်တစ်ခုက ယောက်ျားလေးတွေအနေနဲ့ မိန်းကလေးဘက်က ချစ်လွန်းအားကြီးလို့ လိုက်လျောပေးလိုက်တဲ့ ထိုကိစ္စကို အခြားဘယ်သူ့ကိုမှ မပြောပြဖို့ အလွန်အရေးကြီးပါတယ်....။ တစ်ချို့ရှိပါတယ် ကိုယ်နဲ့ပြတ်ပြီး နောက်လူနောက်ပါသွားတဲ့အခါမှာ အရင်ကကိုယ်နဲ့ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ပြောပြမယ်ဆိုပြီး ချိန်းခြောက်ထိုးနှက်တာမျိုးတွေ ရှိပါတယ်...။ ထိုကဲ့သို့ လုပ်ရပ်မျိုးကို ယောက်ျားကောင်း တစ်ယောက်အနေနဲ့ လုံးဝ၊ လုံးဝမပြုလုပ်သင့်၊ မချိုးဖောက်သင့်ပါဖူး...။ ချစ်သူ၊ ရည်းစားတွေ အနေနဲ့ အမျိုးသားကောင်း၊ အမျိုးသမီးကောင်းပီပီ ကိုယ်ရော၊ နှုတ်ရော စောင့်ထိန်းပြီး မချိုးဖောက်သင့်တဲ့အချက်တွေကို မချိုးဖောက်ကြပဲနဲ့ တွဲလက်တွဲ ခိုင်မြဲကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်....။

photo credit pngtree 

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။