ယနေ့ညနေ (၆း၀၀) နာရီအချိန်၊ သုဝဏ္ဏဘောလုံးကွင်းမှာ ရှမ်းယူနိုက်တက်အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားမယ့် ၂၀၁၉ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲကြီးကို ကြည့်ရူဖို့ ပရိသတ်တွေက စိတ်လှုပ်ရှားနေကြပါတယ်။ နှစ်သင်းစလုံးက အသင်းကောင်းတွေဖြစ်တာကြောင့် ဘယ်သူက ချန်ပီယံဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

photo credit : Shan United FC 's facebook
photo credit : Yangon United Football Club 's facebook

ပြီးခဲ့တဲ့ နှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံရန်ကုန်ယူနိုက်တတ်နဲ့ ယခုနှစ် Myanmar National League 2019ချန်ပီယံရှုမ်းယူနိုက်တတ်တို့ တွေ့ဆုံနေတာကြောင့် ပရိသတ်တွေကို ဖျော်ဖြေမှုပေးစွမ်းနိုင်တဲ့ ပွဲတစ်ပွဲဖြစ်မှာသေချာပါတယ်။ ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံရန်ကုန်ယူနိုက်တတ်ကတော့ သူရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားမှာပဲ ဖြစ်ပါတယ်။

photo credit : Shan United FC 's facebook
photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

Myanmar National League 2019ချန်ပီယံရှုမ်းယူနိုက်တတ်ကလဲ ယခုနှစ်မှာ ပူပူနွေးနွေးဆုဖလားကိုင်မြှောက်ထားတာကြောင်ွှ နောက်ထပ်ဆုဖလားရရှိဖို့ ရေကုန်ရေခမ်းကြိုးစားမှာပဲ ဖြစ်ပါတယ်။ ဒီပွဲကို မြဝတီရုပ်မြင်သံကြား (MWD)၊ Fortune TV ရုပ်သံလိုင်းများက တိုက်ရိုက်ပြသမှာဖြစ်ပြီး My Sports နဲ့ Fortune ဖေ့စ်ဘွတ်စာမျက်နှာတွေမှာလည်း တိုက်ရိုက်ကြည့်ရှုအားပေးနိုင်မှာ ဖြစ်ပါတယ်။

source: Shan United FC | Yangon United Football Club

photo credit : Yangon United Football Club 's facebook
photo credit : Shan United FC 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။