ကုသမှုအပိုင်းကတော့ ကလေးရော အချင်းရောကို ဘေးကင်းစွာ မွေးထုတ်နိုင်ဖို့ပဲဖြစ်ပါတယ်...။ တတ်နိုင်သလောက် လစေ့အောင် ထားဖို့လိုပါတယ်...။ ရောဂါအခြေနေဆိုးရွားလာရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာသိရှိနားလည်ပြီး စောစောစီးစီး သိနေဖို့လိုပါတယ်...။ ဆေးသောက်တာ၊ ဆေးရုံ၊ ဆေးခန်းပြတာတွေကို သေချာလုပ်ရပါလိမ့်မယ်...။ သွေးအရမ်းတိုးနေရင်တော့ ဆေးရုံတက်ဖို့လိုပါတယ်။ ဆေးရုံမှာ မိခင်ရော၊ သန္ဓေသားကို ပါ စောင့်ကြည့်လေ့လာမှုတွေ လုပ်ရမှာပါ...။ မိခင်ရဲ့ သွေးပေါင်ချိန်ကို လေးနာရီခြားဖြစ်ဖြစ်၊ ခြောက်နာရီခြားဖြစ်ဖြစ် တိုင်းနေရပါမယ်...။ ရေဘယ်လောက်သောက်လဲ၊ ဆီးဘယ်လောက်သွားလဲ၊ ဆီးထဲမှာ အသားဓာတ်တွေ ဘယ်လောက်ရှိနေသေးလဲဆိုတာတွေအတွက် မှတ်တမ်း၊ မှတ်ရာတွေ စောင့်ကြည့်နေရမှာဖြစ်ပါတယ်....။ ခေါင်းကိုက်တာ၊ အမြင်အာရုံတွေ ဝါးတာ၊ ထိုးအန်တာ၊ ဗိုက်အောင့်တာတွေ ဖြစ်သေးလားဆိုတာ ဂရုတစိုက်ကြည့်နေရပါမယ်...။ ပြီးရင်တော့ ဆီးစစ်တာ၊ သွေးစစ်တာ၊ အာထရာဆောင်းရိုက်တာ စတဲ့ လုပ်ထားပြီးသား စစ်ဆေးမှုတွေကို နောက်တစ်ကြိမ် ထပ်စစ်ရပါမယ်....။

photo credit pngtree

သန္ဓေသားနဲ့ ပတ်သက်ပြီးတော့ ဗိုက်ကိုတိုင်းတာ၊ ကလေးကန်တဲ့အကြိမ်ရေမှတ်ခိုင်းတာ၊ အာထရာဆောင်းရိုက်တာ၊ CTG ဆွဲတာ (အရပ်အခေါ် စက်ဆွဲတာ)၊ ဒေါ်ပလာရိုက်တာ ( Doppler of umbilical and feal artery) တွေ လုပ်ပြီး စောင့်ကြည့်နေရမှာဖြစ်ပါတယ်...။ အဆုတ်ရေမွန်းတာ၊ ကျောက်ကပ်ရေမစွန့်နိုင်မှာကို စိုးတဲ့အတွက် 1ml/kg/hr နှုန်းနဲ့ ရေသောက်တာ၊ ဆီးသွားတာတွေကို ဂရုတစိုက် စောင့်ကြည့်မှတ်သားဖို့လိုအပ်ပါတယ်...။ ဒီလိုမိခင်တွေကို ကုသတဲ့အခါ သားအိမ်ကို သွေးလျှောက်နှုန်းမလျော့နည်းစေဘဲ သွေးပေါင်ချနိုင်ဖို့နဲ့ လေဖြတ်တာကို ကာကွယ်နိုင်ဖို့အတွက် အဓိကရည်ရွယ်တာဖြစ်ပါတယ်...။

photo credit pngtree

ထိုးဆေး (အကြောဆေး) အနေနဲ့က Hydralazine 5-10 mg ကို သွေးပေါင်ချိန်ကျတဲ့အထိ ၅ မိနစ်ခြားတစ်ခါ ကနေ တစ်နာရီခြားတစ်ခါ ပေးနေပြီး နောက်ပိုင်းမှာတော့ Hydralazine 60 mg နဲ့ normal saline 500 ml ကို တစ်မိနစ် ၂၅ စက်နှုန်းသွင်းပေးနေရပါမယ်...။ ပန်းနာရင်ကျပ်နဲ့ နှလုံးမကောင်းတဲ့ အမျိုးသမီးတွေကလွဲလို့ ကျန်တဲ့သူတွေမှာတော့ Labetalol 20 mg ကို အကြောဆေးပေးပါတယ်...။ ဒါမှမဟုတ်လည်း nifedipine 10-20 mg ကို စစချင်းမှာ သောက်ခိုင်းလိုက်ပါတယ်...။ ပြီးရင်တော့ နာရီဝက်ခြားတစ်ခါ သွေးပေါင်ချိန်ကို တိုင်းနေပြီး ကောင်းလာမှ ထိုးဆေးကနေ သောက်ဆေးကို ပြောင်းပေးလိုက်တာပါ...။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေမှာ စိတ်ချရတဲ့ Methyldopa 250- 500 mg ကို တစ်နေ့ သုံးကြိမ်သောက်ဖို့ ပေးလေ့ရှိပါတယ်...။ ဒါမှမဟုတ် nifedipine 10-20 mg ကို တစ်နေ့နှစ်ကြိမ်သောက်ခိုင်းပါတယ်...။ nifedipine ကတော့ နည်းနည်းပါးပါးခေါင်းကိုက်တတ်တာကြောင့် ရောဂါပိုဆိုးလာတယ်လို့ ထင်သွားတတ်ပါတယ်...။ Hydralazine နဲ့ Labetalolကလည်း အကြောဆေးပဲပေးပေး၊ သောက်ဆေးပဲပေးပေး ကိုယ်ဝန်ဆောင်တွေအတွက် စိတ်ချရတဲ့ဆေးပါပဲ...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ “မေမေဖြစ်တော့မှာလား၊ ဒါလေးတွေ သိထားကြစေသား အပိုင်း(၄)" ကျန်းမာရေးဆောင်းပါးမှ ကိုယ်ဝန်ဆိပ်တက်ခြင်း (ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ) ဖြစ်တဲ့အခါမှာ ကုသမှုအပိုင်းကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။