ချစ်ပရိသတ်တို့ရေ.... ကမ္ဘာကပ်ဘေးဆိုတာကို ပရိသတ်တို့ကြားဖူးကြမှာပါ။ တစ်မြို့နယ်တည်း တစ်နိုင်ငံတည်းတွင်သာ ဖြစ်ပွားတာမျိုးမဟုတ်ဘဲ တစ်ကမ္ဘာလုံး သေကြေပျက်စီးခဲ့ရတဲ့ ကပ်ရောဂါဆိုးဆိုတာဟာတကယ်ရှိခဲ့ပါတယ်နော်။ သမိုင်းတွင်ရလောက်အောင်တစ်ကမ္ဘာလုံးကလူဦးရေ ၂၀ရာခိုင်နှုန်းနီးပါးလောက် လျော့ချပစ်ခဲ့တဲ့ ကမ္ဘာ့ကပ်ဘေးရောဂါဆိုးကြီးကတော့ ပုလိပ်ရောဂါပဲဖြစ်ပါတယ်နော်။

Source: Pngtree

အခု ပုံမှာတွေ့ရတာကတော့ ပလိပ်ရောဂါ ဖြစ်ခဲ့စဉ်က ဆရာဝန်တွေ ဝတ်ဆင်ခဲ့တဲ့မျက်နှာဖုံးတွေပါ။ ဌက်နှုတ်သီးလို အကန့်တွေထဲမှာ ရောဂါပိုးကိုကာကွယ်နိုင်တဲ့ အနံတစ်မျိုးနဲ့ Filter တွေကို အကန့်လိုက်ထဲ့သွင်းထားတာပဲဖြစပါတယ်နော်။ သို့ပေမယ့်လည်း ဘာမှန်း မသိတဲ့ ရောဂါ ဖြစ်ပွားနေတဲ့ အတွက် ကောင်းနိုးရာရာ ပြုလုပ်ထားသည့်မျက်နှာဖုံးပုံစံတော့ပေါက်လို့နေခဲ့ပါတယ်နော်။

Source: သံ ဇဉ် မိုးဇတ်

ပလိပ်ရောဂါဟာဆိုရင် ၁၄ ရာစုနှစ်မှာ ကမ္ဘာ့ လူဦးရေရဲ့သန်း ၄၅၀ မှ သန်း ၃၇၅ ထိကို လျော့ချပစ်ခဲ့ပါတယ် ။ ဆိုလိုတာကတော့ လူဦးရေ ၇၅ သန်းဟာ ပလိပ်ရောဂါထဲပါသွားတယ်လို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်နော်။ သမိုင်းတွင်ခဲ့တဲ့ ကပ်ရောဂါနဲ့ ထူးထူးဆန်းဆန်းဆရာဝန်မျက်နှာဖုံးတွေကတော့ အံ့သြစရာတွေအပြည့်ပါပဲနော်။ ကဲ... ပရိသတ်တို့ရေ..ဒီနေ့လိုခေတ်မျိုးမှာ ဒီလိုမျိုး ကြောက်စရာကောင်းလွန်းတဲ့ ကပ်ရောဂါဆိုးကြီးတွေ မဖြစ်ပွားတော့တာ ကံကောင်းတယ်လို့ဆိုရမယ်နော်... 

Source: Pngtree

Source: သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။