ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ နာမည်ကြီး သဘာဝလွန်ဖြစ်ရပ်တွေထဲကမှ တစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်မှာ မီးရထားလှိုဏ်ခေါင်းတစ်ခုရှိပြီး ဒီလှိုဏ်ခေါင်းဟာ သရဲအတော်ခြောက်တယ်လို့ နာမည်ကြီးနေတာလည်း ဖြစ်ပါတယ်။ နာမည်ကြီးလာပုံကတော့ လွန်ခဲ့တဲ့ 1901 ခုနှစ်တုန်းက ဒီလှိုဏ်ခေါင်းထဲမှာ မီးရထားအလုပ်သမား နှစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး သေဆုံးခဲ့ပါတယ်။ တစ်ယောက်က လှိုင်ခေါင်း နံရံနဲ့ တိုက်မိပြီး သေဆုံးခဲ့ သလို ကျန်တစ်ယောက်ကတော့ ရထားကျိတ် ခံရကာ သေဆုံးခဲ့တာပါ။

Photo Credit : သံ ဇဉ် မိုးဇတ်
Photo Credit : Pngtree

ဒီလိုနဲ့ အချိန်တွေကြာခဲ့ပြီး တစ်နေ့မှာတော့ မီးရထားတစ်စီးဟာ ဒီလှိုဏ်ခေါင်း အဝင်အဝတွင် စက်ချို့ရွင်းမှု တစ်ခုကြောင့် ရပ်တန့်၍ စက်ပြင်နေစဉ် အလံကိုင် မီးရထား အလုပ်သမားက လှိုဏ်ခေါင်းရဲ့ တစ်ခြားအဝင်အဝမှာ သတိပေး အလံကို သွားရောက် စိုက်ထူ ရန် လှိုဏ်ခေါင်းထဲကို တစ်ယောက်တည်း လမ်းလျှောက်ဖြတ်သန်းသွားစဉ် ပုံမှန်မဟုတ်တဲ့ အသံများကို နံရံတွေထဲမှ ကြားခဲ့ရပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

ထိုမီးရထား အလုပ်သမား ကြားခဲ့ရတဲ့ အသံတစ်ခုက 'တစ်ယောက်မှ မတ်တပ်ရပ်မနေ ပါနဲ့' နောက်ထပ် အသံက 'ငါ့ကိုယ်ပေါ်က လေးလံတဲ့ အရာကြီးဖယ်ပေးပါ' နောက်တစ်ခုက ' ငါ့သွေးတွေကို သူတို့သောက်နေကြပြီ' စတဲ့ အသံကြီးများ ကြာခဲ့ ရတော့ မီးရထား အလုပ်သမား လည်း ကြောက်လန့်တကြားပြေးထွက်ခဲ့ရပါတယ်။ အာ့ဒီနောက်ပိုင်းမှာတော့ ဒီသတင်းဟာ တစ်စ တစ်စ နာမည်ကြီးလာခဲ့ပြီး Big Bull Tunnel ဟာလည်းလူသိများလာခဲ့ပြီလည်း လာရောက် စူးစမ်းလည်ပတ်သူတေနဲ့ တစ်ခါတစ်လေ ရှိလို့နေပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။