ချစ်ပရိသတ်တို့ရေ.... ကမ္ဘာပေါ်မှာ ပိုက်ဆံသာရှိရင် သွားချင်စဖွယ်နေရာလေးတွ အရမ်းလှပြီး လည်လို့ပတ်လို့ကောင်းတဲ့ နေရာလေးတွေအများကြီးပါပဲနော်။ ဒီလိုအများကြီးရှိတဲ့ထဲကမှ သဘာဝအတိုင်းလှပနေပြီးတော့ ထူးထူးဆန်းဆန်းဖြစ်လို့နေတဲ့နေရာလေးတစ်ခု အကြောင်းကို ပြောပြပေးချင်ပါတယ်နော်။ အဲ့ဒါကတော့ ရေကန်အောက်ထဲမှာရှိတဲ့ ပန်းခြံလေးပါ။

Photo Source: သံ ဇဉ် မိုးဇတ်

ဩစတီယား မှာရှိတဲ့ ဒီပန်းခြံလေးဟာ နွေရာသီမှာအလွန်လှပတဲ့ရေကန်လေးဖြစ်သွားပါတယ်။Hochschwab တောင်တွေပေါ်က ရေခဲတွေဟာ နှစ်စဉ်နှစ်တိုင်း အရည်ပျော်ကျလေ့ ရှိပါတယ်။ ဒါကြောင့် ရေခဲတွေ အရည်ပျော်ကျ ပြီး အစိမ်းရောင် ပန်းခြံ ရေကန်လေးထဲကို ရေတွေစီးဝင်ခဲ့ပါတယ်။ရေတွေများလာတဲ့အခါမှာတော့ ပန်းခြံတစ်ခုလုံးဟာ ကြည်လင်နေတဲ့ရေအောက်ကိုရောက်သွားခဲ့ရပါတယ်။

Photo Source: သံ ဇဉ် မိုးဇတ်

သစ်ပင်တွေ၊ ပန်းလေးတွေ၊ထိုင်ခုံတန်းလျားလေးတွေ၊ ပန်းခြံလမ်းလေးတွေ၊ တံတားလေးတွေ အကုန်လုံးဟာဆိုရင် ကြည်လင်နေတဲ့ ရေကန် အောက်ကိုခေတ္တရောက်ရှိသွားပါတော့တယ်။ဆောင်းရာသီမှာဆိုရင် ပန်းခြံလေးဟာ ရေထဲမှ ပြန်ပေါ်လာတက်ပြီးတော့ ၃ပေ လောက်သာရှိတဲ့ ရေကန် လေးဖြစ်သွားသလို နွေရာသီမှာ ပန်းခြံတစ်ခုလုံးရေထဲရောက်ရှိသွားချိန်မှာတော့ ရေအနက်ဟာ ၃၉ ပေလောက်အထိ ရောက်ရှိသွားပါတော့တယ်။ ကဲ... ဒီတော့ ပရိသတ်တို့ရေ ပိုက်ဆံသာရှိရင် သွားရောက်လည်ပတ်ရမယ့် နေရာစာရင်းတွေထဲမှာ ဒီပန်းခြံလေးကို ထိပ်ဆုံးနေရာမှသာာထည့်လိုက်ပါတော့နော်။

Photo Source: သံ ဇဉ် မိုးဇတ်

Source: သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။