ချစ်ပရိသတ်တို့ရေ.... အမှိုက်တွေဟာ လူတွေကို အန္တရာယ်ပေးနိုင်တယ်ဆိုရင် ပရိသတ်တို့လက်ခံကြမှာလား ? ယုံသော်ရှိ မယုံသော်ရှိ နေ့စဉ်နေ့တိုင်း အဆိပ်ခိုးငွေ့တွေထွက်ပြီး အနီးနားပတ်ဝန်းကျင်က လူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လို့နေတဲ့ ဧရာမ အမှိုက်ပုံကြီးတစ်ခုကတော့ ကမ္ဘာပေါ်မှာရှိလို့နေပါတယ်နော်။ ဒါပေမယ့် လူတွေရဲ့ စားဝတ်နေရေးအတွက်ကိုလည်း ဒီအမှိုက်ပုံကြီးက ဖန်တီးလို့ပေးနေပြန်တာကိုလည်း တွေ့ရပါသေးတယ်။

Photo Source: Pngtree

"အိုလူဆိုစန်" ဆိုတာဟာ အာဖရိကတိုက်မှာရှိတဲ့ အကြီးဆုံး အမှိုက်ပုံကြီးရဲ့ အမည်ဖြစ်ကာ နေ့စဉ်အမှိုက်တန်ချိန်ပေါင်း ၁၀၀၀၀ ခန့်လက်ခံပေးနေတဲ့ နေရာလည်းဖြစ်ပါတယ်။ အမှိုက်ပုံရဲ့ ကြီးမားထူထဲသော အပိုင်းမှာတော့ ကုန်သေတ္တာသင်္ဘောကြီးတွေရဲ့ အီလက်ထရွန်နစ် စွန့်ပစ်အမှိုက်တွေကို ထားရှိပါတယ်။အဆိပ်ခိုးတွေဟာ အိုလူဆိုစန် အမှိုက်ပုံကနေ ထွက်ရှိနေပြီးတော့ ဓာတုပစ္စည်းတွေကို မြေကြီးကနေ စုတ်ယူလျက်ရှိပါတယ်။

Photo Source: Pngtree

အန္တရာယ်များလှတဲ့ အမှိုက်ပုံကြီးရဲ့အနီးမှာတော့ အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိနေကာ ထိုအိမ်တွေမှာ နေထိုင်ကြတဲ့သူတွေဟာ အမှိုက်ပုံမှာရှိတဲ့ အစအနတွေကို ထိုးဆွရှာဖွေကာ အသက်မွေး ဝမ်းကျောင်းမှုပြုနေကြပါသတဲ့နော်။ ကဲ... ပရိသတ်တို့ရေ မထင်ရင် မထင်သလို ပေါက်ကွဲမှုတွေ မီးလောင်မှုတွေ ခဏခဏဖြစ်နေတတ်ပြီး အဆိပ်ငွေ့တွေ အချိန်နဲ့အမျှထွက်နေတဲ့ ကမ္ဘာ့အကြီးဆုံးအမှိုက်ပုံကြီးနားမှာ ပရိသတ်တို့လည်း နေပါဆိုရင်တောင် နေရဲမယ်မထင်ပါဘူးနော်။ ဒီကလူတွေကတော့ တခြားစီးပွားရေးလုပ်ပြီး ဘာလို့ခပ်ဝေးဝေးမှာ သွားမနေကြလည်းဆိုတာကလည်း စဉ်းစားစရာပါပဲ....

Photo Source: Pngtree

Source : မောင် သာ ရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။