photo credit - TNC Predator Twitter

TNC Predator အသင်းကတော့ မနှစ်က 2018 ခုနှစ်တုန်းက ဆိုရင်လည်း WESG Philippines qualifirer ကိုအောင်မြင်ထားတဲ့အသင်းတသင်းပဲဖြစ်ပါတယ်။

TI 9 အပြီးမှာ လူစားရင်းအပြောင်းအလဲတွေ ပြုလုပ်ခဲ့တယ်ဆိုပေမယ့်လည်း TNC အသင်းဟာ WESG Phiippines qualifier grandfinal မှာ Execration ကို 2:1 နဲ့ အနိုင်ရရှိပြီး ဒီနှစ်မှာလည်း qualifier ထပ်မံအောင်မြင်ခဲ့ပြီပဲဖြစ်ပါတယ်။

Grand Final မှာဆိုရင်လည်း TNC အသင်းဟာ အသစ်ရောက်လာတဲ့ offlane ကစားသမား Kpill နဲ့ supp player March တို့ဟာလည်း အသင်းနဲ့ တော်တော်လေး အသားကြပြီး သူတို့ရဲ့ Teamwork တွေဟာ တော်တော်လေး ကောင်းမွန်ခဲ့တာတွေ့ရပါတယ်။

Armel ရဲ့ space ပေးမှုတွေအောက်မှာ Gabbi အနေနဲ့လည်း တော်တော်လေး space ရခဲ့ပြီး သူတို့ရဲ့ Teamwork ဟာလည်း တော်တော်လေးကောင်းမွန်ခဲ့ပါတယ်။

အခုအချိန်မှာဆိုရင်တော့ TNC အသင်းဟာ qualifier အောင်မြင်ခဲ့ပြီဖြစ်တဲ့အတွက် သိပ်မကြာခင်မှာ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် WESG ကို သွားရောက်ယှဉ်ပြိုင်ရတော့မှာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးမှာတော့ မြန်မာနိုင်ငံက qualifier အောင်မြင်ထားတဲ့ Team Cyanide လည်းပါဝင်မှာဆိုတော့ မြန်မာနိုင်ငံက Dota 2 ပရိသတ်တွေ စောင့်ကြည့်သင့်တဲ့ ပွဲကြီးတစ်ပွဲပါပဲ။

Source – TNC Predator Twitter

Orginal link > https://twitter.com/TNCPredator/status/1175726936410034176 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။