ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ "ကလေးတွေ စိတ်ဒဏ်ရာမရသွားအောင် ဘယ်လိုဆိုဆုံးမလဲ" ဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ ကလေးတွေနဲ့ မိဘ၊ ဆရာသမားတွေကြားက ဆက်ဆံပြောဆိုမှုနှင့်ပတ်သက်ပြီး ရင်းနှီးပြေလည်မှုတွေရရှိအောင် ဆွေးနွေးတိုင်ပင် အကြံဉာဏ်ပေးတင်ဆက်သွားမှာဖြစ်ပါတယ်...။ ဘယ်မိဘ၊ ဘယ်ဆရာသမားမဆို ကိုယ့်ကလေး၊ ကိုယ့်တပည့် မှန်သမျှကို တော်စေ၊ တတ်စေ၊ လိမ္မာစေချင်တာချည်းပဲဖြစ်ပါတယ်...။

photo credit pngtree

ဒါပေမယ့် ကလေးက မိမိရဲ့ စကားကို နားမထောင်တာပဲဖြစ်ဖြစ်၊ ကလန်ကဆန်လုပ်ပြီး ပြန်ပြောတာပဲဖြစ်ဖြစ် လုပ်တဲ့အခါမှာ ဂရုဏာဒေါသ ကြောင့် အော်ငိုက်၊ ဆူပူကြိမ်းမောင်းလိုက်တာက ဆိုဆုံးမရာမရောက်ဘဲ တစ်ခါတစ်လေမှာ ကလေးတွေရဲ့ ရင်ထဲ၊ အသည်းထဲမှာ တစ်သက်လုံးစွဲသွားစေတဲ့ စိတ်ဒဏ်ရာကြီးတစ်ခုလို ဖြစ်သွားစေပါတယ်...။ တစ်ချို့က ရိုက်နှက်ပြီး ပြောဆိုဆုံးမတာတွေရှိပါတယ်....။ အကြောတင်းတဲ့ ကလေးမျိုးဆို အသားနာခံကာ ပေပြီး ရပ်နေတာမျိုးတွေရှိပါတယ်...။ ဒါပေမယ့် ပုံစံက ပြောင်းမသွားပါဖူး....။ အမုန်းခံ၊ အပင်းပန်ခံပြီး ရိုက်လိုက်ရတာနဲ့ ကလေးရဲ့အသား နာသွားတာပဲ အဖတ်တင်မှာပါ....။

photo credit pngtree

ဒါကြောင့်မလို့ ကလေးတွေကို လိမ္မာယဉ်ကျေးလာအောင်၊ ပြောစကားနားထောင်လာအောင် လူကြီးမိဘ၊ ဆရာသမားတွေ အနေနဲ့ ကလေးတွေရဲ့ လက်ရှိဖြစ်နေတဲ့ ရင်ထဲကစိတ်ခံစားချက်နဲ့ အခက်အခဲတွေကို အရင်ဆုံးသိအောင်လုပ်ရမှာပါ....။ နိုင်ငံတကာမှ မိဘတွေ၊ ဆရာသမားတွေက ကိုယ်ရဲ့ ကလေးတွေကို ရိုက်နှက်၊ ဆူပူကြိမ်းမောင်းတာတွေ မလုပ်ဘဲ မိမိပြောဆိုချင်တဲ့ အကြောင်းအရာ အဓိပ္ပါယ်ကို တစ်သက်လုံး ရင်ထဲစွဲမြဲသွားအောင် သေချာပြောဆိုဆုံးမတာပဲဖြစ်ပါတယ်...။ မိမိရဲ့ စကား၊ မိမိရဲ့ ဆိုဆုံးမသြဝါဒတွေကို ကလေးတွေ နားထောင်စေချင်တယ်၊ လိုက်နာစေချင်တယ်ဆိုရင် ကလေးတွေရဲ့ စိတ်ခံစားချက်ကိုလည်း နားလည်ပေးပြီး လိုက်လျောပေးဖို့လိုအပ်ပါတယ်...။ "Every Child Is Special" ဆိုတဲ့ စကားလေးအတိုင်း တစ်ချိန်မှာ ထွန်းတောက်လာမယ့် အနာဂတ်ကြယ်ပွင့်လောင်းကလေးတွေကို ပြုစုပျိုးထောင်ပေးတဲ့နေရာမှာ ပြောဆိုဆုံးမတဲ့ ကဏ္ဍဟာလည်း များစွာ အရေးကြီးလှပါတယ်...။ ဒါကြောင့်မလို့ မိမိရဲ့ ကလေးတွေကို "နင်ကဘာမှအသုံးမကျဘူး..၊ ဘာမှဖြစ်လာမှာမဟုတ်ဖူး...၊ မောင်(ဘယ်သူ)၊ မ(ဘယ်သူ) နဲ့ယှဉ်လိုက်ရင် နင်ကဘိတ်ချီးပဲ".......စတဲ့ စိတ်ဒဏ်ရာဖြစ်သွားစေမယ့် စကားအသုံးအနှုန်းတွေကို ရှောင်ရှားပြီး ပြောဆိုဆုံးမကြဖို့ တိုက်တွန်းအကြံဉာဏ်ပေး ဖော်ပြလိုက်ပါတယ်....။

photo credit pngtree 

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။