၂၀၁၉ ခုနှစ် ဘောလုံးရာသီ၏ ကွင်းပိတ်ဖလားပွဲစဉ်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ဗိုလ်လုပွဲကြီးတွင် လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းကို အချိန်ပိုတွင် အနိုင်ယူပြီး ချန်ပီယံဆုကို သုံးကြိမ်မြောက် ရယူနိုင်ခဲ့ပါတယ်။ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး မိနစ် ၉၀ အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေခဲ့ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

ထို့နောက် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ၄-၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဖလားပြိုင်ပွဲတွင် သုံးကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်ရာ ရှုံးထွက်ပြိုင်ပွဲ၌ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေသည့် ဧရာဝတီယူနိုက်တက်အသင်း၏ စံချိန်ှနှင့် တူညီသွားခဲ့ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုနှစ်တွင် အမှတ်ပေးဆုဖလားနှင့် လွဲချော်ခဲ့ရသော်လည်း ရှုံးထွက်ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်းကြောင့် လာမည့်နှစ် အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပမည့် ပြိုင်ပွဲများတွင် အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့်အတူ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု/ ရှုံးထွက်ဖလားချန်ပီယံအသင်းတွေကတော့

ဟံသာဝတီယူနိုက်တက်(ဥဿာယူနိုက်တက်)-၂၀၁၀

ရန်ကုန်ယူနိုက်တက်-၂၀၁၁

ဧရာဝတီယူနိုက်တက်-၂၀၁၂

ဧရာဝတီယူနိုက်တက်-၂၀၁၄

ဧရာဝတီယူနိုက်တက်-၂၀၁၅

မကွေးအက်ဖ်စီ-၂၀၁၆

ရှမ်းယူနိုက်တက်-၂၀၁၇

ရန်ကုန်ယူနိုက်တက်-၂၀၁၈

ရန်ကုန်ယူနိုက်တက်-၂၀၁၉ တို့ဖြစ်ပါတယ်။

source: Myanmar National League 's facebook 

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။