ချစ်ပရိသတ်တို့ရေ.... 1860 ခုနှစ်မှာ အိုင်ယာလန်တွင် မာဂိုရီ ဆိုသူအမျိုးသမီးဟာ ကူးစက်ရောဂါတစ်မျိုးကြောင့် ကိုမာရောဂါကို ခံစားနေရချိန်မှာပဲ သူ့ကိုသေဆုံးပြီဟုသတ်မှတ်ခြင်းခံခဲ့ရပါတယ် ။ ရောဂါ ကို အခြားသောသူတွေ မကူးစက်စေဖို့ အရေး တကြီး မြေမြုပ် သင်္ဂြိုလ်ဖို့စီစဉ်ခဲ့ကြပါသတဲ့။ ဒါကြောင့် လူချမ်းသာ စာရင်းဝင် မာဂိုရီရဲ့ အမျိုးသား နှလုံး ရောဂါသည် ဆရာဝန်ဟာ သူမလက်မှာ ဝတ်ဆင်ထားတဲ့ အလွန်အဖိုးတန်တဲ့ လက်ထပ်လက်စွပ်ကို ဖြုတ်ယူ သိမ်းစည်းခဲ့ပေမယ့် သူမရဲ့လက်ဟာရောင်ရမ်း နေတာကြောင့် လက်စွပ်ကိုဖြုတ်မရတဲ့အဆုံးအလောင်းနဲ့ အတူထဲ့သွင်းမြေမြုပ်ခဲ့ရပါတယ်။

Photo Source: သံ ဇဉ် မိုးဇတ်

ထိုလက်စွပ် အကြောင်းကို သိတဲ့ သူခိုးတွေဟာမာဂိုရီမြေမြုပ်ပြီးသိပ်မကြာခင်အချိန် ညပိုင်းမှာပဲ အလောင်းကို ပြန်ဖေါ် တူးယူ ပြီး လက်စွပ်ကို ဖြုတ်ယူဖို့ကြိုးစားခဲ့ကြရာ အလွန် ခက်ခဲလွန်းတာကြောင့် လက်သူကြွယ်ကို ဓားနှင့်ဖြတ်ပြီး ယူငင်ဖို့လုပ်ကြရာမှာ မာဂိုရီရဲ့ လက်ဟာသွေးတွေအရမ်းပဲ ထွက်လို့နေခဲ့ပြီးတော့ မာဂိုရီဟာလည်းကိုးမားဝေဒနာခံစားနေရာကနေ တဖန်ပြန်လည်နိုးထလာခဲ့တာကြောင့် သူခိုးတွေလည်း ကြောက်လန့် တကြားနဲ့ ထွက်ပြေးခဲ့ကြရပါတယ်။ မာဂိုရီဟာ မြေတွင်းထဲမှ ကုတ်ကပ်တက် ကာ အိမ်သို့ပြန် လာပြီး အိမ်တံခါးကိုခေါက်ခဲ့ပါတယ်။

Photo Source: သံ ဇဉ် မိုးဇတ်

သူရဲ့သားသမီးတွေနဲ့ သူ့ခင်ပွန်းဟာ တံခါး ကိုဆွဲဖွင့်လိုက်ပြီး သူမကို မြင်ချိန်မှာတော့ သေဆုံးချိန်မှာ ဝတ်ဆင်ထားတဲ့ အဝတ်အစားနဲ့ သူ့ရဲ့ လက်ကသွေးတွေဟာ ကြမ်းခင်းပေါ်ကို တစ်စက် တစ်စက် ကျနေတဲ့ မြင်ကွင်းကြောင့် သူရဲ့ခင်ပွန်းဟာလည်း နေရာမှာတင်ပဲ နှလုံးရောဂါဖောက်ပြီး ကွယ်လွန်ခဲ့ရပါတယ်။ ဒီနောက်မှာတော့ မာဂိုရီဟာ နောက်အိမ်ထောင်ပြုခဲ့ပြန်ပါတယ်။ နောက်အိမ်ထောင်နဲ့လည်း သားသမီးရတနာတွေထပ်မံထွန်းကားခဲ့ပါသေးသတဲ့။ မာဂိုရီဟာ ပုံမှန်ဘဝနဲ့ဆက်လက် ရှင်သန်လာပြီးတော့ သူမအသက်အရွယ်ကြီးရင့်လာပြီးသေဆုံးခဲ့တဲ့အခါမှာတော့ မူလနေရာမှာပဲပြန်လည် မြေမြုပ်ခဲ့ကြပါတယ်။ အိုင်ယာလန်တောင်ပိုင်း လော်ဂန် Shankill သချိုင်းမှာ ''ဘဝတစ်ခုတွင် နှစ်ကြိမ်မြေမြုပ်ခံရသူ''လို့စာတမ်းလေးထိုးထားတာကတော့ မာဂိုရီရဲ့ အုတ်ဂူလေးပဲဖြစ်ပါတယ် ချစ်ပရိသတ်ကြီးရေ....

Photo Source: သံ ဇဉ် မိုးဇတ်

Source: သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။