ချစ်ပရိသတ်တို့ရေ.... လူဆိုတာမျိုးဟာ ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်ပြီး အသက်ရှုတတ်တာခြင်းတော့ တူကြပေမယ့် လူသားဆန်မှုဆိုတာမျိုးကတော့ တစ်ယောက်နဲ့တစ်ယောက် အလွန်ပဲကွဲပြားတတ်ကြပါတယ်နော်။ လူသားဆန်တယ်ဆိုတာဟာ ရုပ်ချောတာ မချောတာနဲ့လည်းမဆိုင်သလို ဆင်းရဲတာ ချမ်းသာတာတွေ ကျန်းမာတာ မသန်စွမ်းတာတွေနဲ့ နဲနဲလေးမှမဆိုင်ပါဘူးနော်။ ဒီတစ်ခုကလည်း ကံအကြောင်းမလှလို့ လူ့လောကမှာ မသန်စွမ်းတစ်ယောက်အဖြစ်ရပ်တည်နေရပေမယ့် လူသားဆန်လှတဲ့ စိတ်ဓာတ်ရှိသူတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်နော်။

Photo Source: သံ ဇဉ် မိုးဇတ်

ဒေါက်တာမလေး လီဂျောင်း Li Juhong ဟာ သူ့ရဲခြေနှစ်ချောင်းမရှိတော့ပေမဲ့လည်း အိမ်မှာဆေးကုတဲ့ အခါတိုင်းမှာ ခွေးခြေလေးတွေကို အသုံးပြီးတော့ ရွေ့လျား သွားလာပြီးဆေးကုလေ့ရှိပါတယ်။ အရေးကြီးတဲ့ လူနာ ဆိုရင်တော့ သူကိုယ်တိုင်ပဲ အိမ်တိုင်ရာရောက် သွားရောက် ကုသပေးပါတယ်နော်။ သို့ပေမယ့်လည်း ဒီလိုအရေးပေါ်အခြေအနေတွေမှာဆိုရင် သူမရဲ့ယောက်ျားဟာ ကုန်းပိုးပိုးပြီး လိုက်ပို့ပေးရပါသတဲ့။

Photo Source: သံ ဇဉ် မိုးဇတ်

သူမဟာ လူနာတွေကို 2001 ကတည်းကနေ စတင်ကုသပေးခဲ့ပြီးတော့ ယနေ့အချိန်မှာဆိုရင် လူနာပေါင်း ၆၇၀၀ လောက်ကုသပေးပြီးပါပြီ။ ကိုယ့်မှာ အားနည်းချက်ရှိနေပေမယ့်လည်း အားမလျော့ဘဲ လူသားဆန်ပြီး လူပီသတဲ့နှလုံးသားနဲ့ လူပေါင်းများစွာရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ သူမကတော့ နောင်လာနောက်သားတွေအတွက် တကယ့်ကို စံပြ ကောင်းတစ်ယောက်ဖြစ်လို့နေခဲ့ပါတယ်နော်။ ကံကံရဲ့ အကျိုးကြောင့်လည်း သူမကို အေးအတူပူအမျှရင်ဆိုင်ပေးမယ့် ခင်ပွန်ကောင်းတစ်ယောက်ကိုပိုင်ဆိုင်ထားခဲ့ပါတယ်။ ကဲ... ဒီတော့ ပရိသတ်တို့လည်း ဒီအကြောင်းအရာလေးကနေ ပေးချင်တဲ့ Messageတွေကို သေချာပေါက်အများကြီးရရှိလိမ့်မယ်လို့မျေှ်ာလင့်မိပါတယ်နော်..... 

Photo Source: Pngtree

Source: သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။