မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် မီရိုဒရပ်ဟာ ကာဂျစ္စတန် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အတွက် ကစားသမား စာရင်းကို ထုတ်ပြန်ကြေညာ လိုက်ပြီဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အသင်း အနေဖြင့် ပဏာမ ကစားသမား ၂၉ ဦးဖြင့် ယနေ့မှ စတင်ကာ စခန်းသွင်း လေ့ကျင့်သွားမည် ဖြစ်ပြီး ကာဂျစ္စတန်နိုင်ငံသို့ ဆက်လက်ထွက်ခွာ၍ ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပါတယ်။

photo credit: MFF ' s facebook
photo credit: MFF ' s facebook
photo credit: MFF ' s facebook

FIFA World Cup Qatar 2022 & AFC Asian Cup China 2023 ခြေစစ်ပွဲအဖြစ် ကာဂျစ်စတန်လက်ရွေးစင်အသင်းနှင့် လာမည့် အောက်တိုဘာလ ၁၀ ရက်နေ့၊ ကာဂျစ်စတန်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်မည့် ပဏာမမြန်မာ့လက်ရွေးစင်အသင်းတွင် ရန်ကုန်ယူနိုက်တက် အသင်းမှ ဆန်းဆက်နိုင် (ဂိုး)၊ ပြည့်ဖြိုးဇော် (နောက်တန်း)၊ ရန်အောင်ကျော် (အလယ်တန်း)၊ မောင်မောင်လွင် (အလယ်တန်း)၊ ငြိမ်းချမ်းအောင် (အလယ်တန်း) နှင့် သန်းပိုင် (ရှေ့တန်း) တို့ ပါဝင်ခဲ့ကြပါတယ်။

photo credit: MFF ' s facebook
photo credit: MFF ' s facebook
photo credit: MFF ' s facebook

ကာဂျစ်စတန်အသင်းနဲ့ ပွဲအတွက် ပဏာမ ကစားသမားစာရင်းမှာ အတွေ့ကြုံရင့်ကစာသမားတွေ များစွာပါဝင်နေခဲ့တာပဲ ဖြစ်ပါတယ်။ကာဂျစ္စတန် အသင်းနှင့် မြန်မာအသင်းတို့ ပွဲစဉ်ကို အောက်တိုဘာ ၁၀ ရက်နေ့၊ ကာဂျစ္စတန်နိုင်ငံ ဘစ်ရှက်ခ်မြို့Dolen Omurzakov ကွင်းတွင်ကျင်းပသွားမည် ဖြစ်ပါတယ်။

source: MFF ' s facebook   

photo credit: MFF ' s facebook
photo credit: MFF ' s facebook
photo credit: MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။