ချစ်ပရိသတ်တို့ရေ.... မြန်မာနိုင်ငံ အတွက်တော့ Friday The 13thဆိုတဲ့ အယူအဆ မရှိပါဘူးနော်။ သို့သော်Friday the 13th ကို အမေရိကားမှာရှိတဲ့ လူဦးရေ ၂၁ သန်းက ကြောက်ကြပါတယ်။တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့တော့ စာရင်းမပြုစုထားပါဘူး။တိုက်ဆိုင်တာလားမပြောတတ်ပေမဲ့ Friday the 13th နေ့ရက်နဲ့ တိုက်ဆိုင်တဲ့ နေ့ရက်တွေမှာ စီးပွားရေးကိစ္စတွေနဲ့ ပတ်သတ်ပြီး ဒေါ်လာ သန်း ၈၀၀ နှင့် သန်း ၉၀၀ ကြား ဆုံးရှုံးမှုဖြစ်နေရပါတယ်လို့ ( Stress Management Center and Phobia Institute in Asheville, N.C) ရဲ့စစ်တမ်းတွေအရ သိရပါတယ်။အနောက်တိုင်း က လူတစ်ချို့ဟာ ၁၃ ရက်နေ့မှာ စီးပွားရေး မလုပ်ကြပါဘူး။ လေယာဉ်မစီးကြပါဘူး ခရီးမထွက်ကြပါဘူးတဲ့။

Photo Source: Pngtree

ဟော်တယ်ပိုင်ရှင်တွေက ပြောပါလိမ့် မယ်"အလကားပါကွာ ဒီအယူ အဆကို ခေတ်သစ်မှာ မယုံတော့ပါဘူး" လို့ပြောနေပေမယ့်သူတို့ဆောက်လုပ်တဲ့ ဟော်တယ် ကြီးတွေမှာအခန်း နံပါတ် ၁၃ ကိုထဲ့သွင်းတည်ဆောက်မှာ မဟုတ်ပါဘူး။ ဒီလိုပါပဲ ဟော်တယ် အထပ် နံပါတ် ၁၃ မပါဘဲ အထပ်နံပါတ် ၁၂ နှင့် ၁၄ သာရှိပါလိမ့်မယ်။ ဒါတွေဟာ အနောက်တိုင်းနိုင်ငံတွေကိုသာဆိုလိုခြင်းဖြစ်ပါတယ်။ Friday the 13th ဆိုတာဟာ ဂရိက ဆင်းသက်လာတဲ့ စကားတွေ ဖြစ်ပါတယ်။ Paraskeví = “Friday”= သောကြာ နဲ့ dekatreís = “thirteen” =၁၃ပဲဖြစ်ပါတယ်။ Jesus အပါအဝင် နောက်ပါတွေဟာ ကြာသပတေးနေ့ နောက်ဆုံး ညနေစာ စား ခဲ့တဲ့ အချိန်မှာ လူ ၁၃ ဦးဖြစ်နေပါတယ်။ပြက္ခဒိန် မှာရက်စွဲတွေ မတပ် ရသေးပေမဲ့ Jesus လက်ဝါးကပ်တိုင်ပေါ် တက်တဲ့နေ့ (သို့) လူသားတွေရဲ့ အပြစ်ကို ခံယူတဲ့ နေ့ ဟာ သောကြာ နေ့လို့လည်း သိရပါတယ်။

Photo Source: သံ ဇဉ် မိုးဇတ်

ဂရိသင်္ချာ ဂဏန်း အရ 13 ဟာ ပုံမှန် မဟုတ်ဘူးဟုယူဆ ကြပါတယ်။ဒါကြောင့် အိုလံပတ် နတ်ဘုရားတွေကို ၁၂ ပါးသာသတ်မှတ်ခဲ့ပါတယ်။တစ်နှစ်မှာ ၁၂ လသာ သတ်မှတ်ထားပြီး မယာပြက္ခဒိန် ဟာလည်း 2012 မှာကုန်ဆုံးပါတယ်။ ၁၂ လ ရာသီခွင်နဲ့သာ ဗေဒင်တွက်ပါတယ်။နာရီမှာလည်း ၁၂ နာရီ ဆိုပြီး သတ်မှတ်ထားပါတယ်။မြန်မာအယူအဆ ခရီးသွားလျင် 'မ' ဂဏန်း လူဦးရေ ဖြင့် ခရီးသွားလေ့ ရှိသလိုမျိုးပါပဲ။အယူ အဆ တွေက ဒေသတစ်ခု နှင့် တစ်ခု မတူညီပါဘူး။ ဒါဟာ အပြစ်ကြီးတစ်ခုလို့လည်း သတ်မှတ်လို့ မရပါဘူး။ တိုက်ဆိုင်မှုတွေဟာများလာတာကြောင့် လူတွေဟာ ၁၃ ဂဏန်းကိုကြောက်ရွံလာပြီး Friday the 13th ဆို ပိုပြီးကြောက်ရွံ လာကြတာပဲဖြစ်ပါတယ်။

- Fri Oct. 13, 1307 – ပြင်သစ် King Philip IV အိမ်စီးနင်းဝင်ရောက်ခံရသည့်နေ့ဖြစ်ပြီး လူဦးရေ ထောင်ပေါင်းများစွာ အကျဉ်းချခံခဲ့ရသည်။

- Fri Aug. 13, 1521– Aztec Empire အင်ပါယာ ပြီးဆုံးခဲ့သည့်နေ့ဖြစ်ပါတယ်။

- Fri Sept. 13, 1940 – Buckingham နန်းတော်ကို ဗုံးဖောက်သည့်နေ့ ဖြစ်ပါတယ်။

Photo Source: သံ ဇဉ် မိုးဇတ်

Source: သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။