မနေ့က ညက ပြုလုပ်ခဲ့တဲ့ Huawei P10 ၊ P10+ မိတ်ဆက်ပွဲမှာ အနုပညာရှင်များအပါအဝင် ဖိတ်ကြားထားသူများအသီးသီးတက်ရောက်ခဲ့ကြသလို ဖိတ်ကြားခံရသူတွေထဲမှာ ပန်ဆယ်လိုလည်းပါဝင်ခဲ့ကြောင်းသိရပါတယ်။

အဆိုပါမိတ်ဆက်ပွဲတက်ရောက်စဉ်က “ပန်ဆယ်လို at Novetel Yangon Max ” ဆိုပြီး မျက်နှာလေးကိုချစ်စဖွယ်စတေကာလေးနဲ့ ကာထားတဲ့ ပုံတစ်ပုံကို အွန်လိုင်းလူမှုကွန်ရက်မှာတင်ခဲ့ပါတယ်။ မကြာခင်အတွင်းမှာပဲ အဆိုပါ မျက်နှာစတေကာအုပ်ထားတဲ့မိန်းကလေးလက်မှာပတ်ထားတဲ့ လက်ပတ်နဲ့တူတဲ့ လက်ပတ်အပါအဝင် အဝတ်အစားတူတဲ့ အမျိုးသမီးငယ်တစ်ယောက်ပုံလည်း တက်လာပါတယ်။ထို့နောက်မှာတော့ အဆိုပါပုံနှစ်ပုံကို နှိုင်းယှဉ်ဖော်ပြကာ “နောက်ဆုံးမှာတော့ ပန်ဆယ်လိုကို ရှာတွေ့ခဲ့ပြီးလို့” ဖော်ပြထားခြင်းခံရပါတယ်။ လက်ရှိမှာတော့ ပန်ဆယ်လို ဘယ်သူလဲဆိုတာက လူမှုကွန်ရက် သုံးစွဲသူတွေကြား စိတ်ဝင်စားနေတဲ့ မေးခွန်းတစ်ခွန်းဖြစ်နေသလို ထင်ကြေးပေးခံရတဲ့ လူတွေလည်း အမျိုးမျိုးထွက်ပေါ်လျှက်ရှိပါတယ်။

“အထက်တန်းစာ ပြည့်တန်ဆာ ” ကိုရေးသားသူ ပန်ဆယ်လို ဘယ်သူလဲဆိုတာကတော့..ပန်ဆယ်လို ကိုယ်တိုင်ပဲသိပါလိမ့်မယ်…..

Source: လူမှုကွန်ရက်

Mr.IT 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။