ပရိသတ်ကြီးကို ဒီတစ်ခါမှာတော့ နယ်သာလန် နိုင်ငံမှာရှိတဲ့ ထိတ်လန့်စရာအကောင်းဆုံး ဘုရားကျောင်း အကြောင်းကို ပြောပြချင်ပါတယ်။ ဒီဘုရားကျောင်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်လေးတွေလည်း ရှိခဲ့တာမို့ ပရိသတ်ကြီး ဖတ်ရှုနိုင်ရန်အတွက် ဖော်ပြပေးလိုက်ရပါတယ်။ St George's ဆိုတဲ့ ဘုရားကျောင်းဟာ အရင်က သေဒဏ်ကျခံ အကျဉ်းသားတွေကို လိုရာဆုတောင်းခြင်းနှင့် ပုံမှန် အကျဉ်းသားတွေအတွက် ထားရှိပေးထားတဲ့ ဘုရားရှိခိုးကျောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်ကာလကြာမြင့်ပြီး နောက်ပိုင်းမှာတော့ မည်သူမအသုံးမပြုတော့ပဲ တိတ်ဆိတ် ခြောက်ကပ်လို့ နေပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်
Photo Credit : Pngtree

ဒါကို Jakub ဆိုတဲ့ ပန်းပု အနုပညာရှင်တစ်ယောက်က ဒီလူမနေတော့တဲ့ဘုရာရှိခိုးကျောင်း ကို အနုပညာ ဖန်တီးရန်အတွက် သရဲ ရုပ်တု တွေဖန်တီး ခဲ့ပါတယ်။ အရုပ်တွေဖန်တီးတဲ့ နောက်ဆုံးနေ့မှာတော့ ဘုရားကျောင်း ထဲတစ်ယောက်တည်း ဝင်လာစဉ် ကြက်သီးတွေ ထပြီး မူးမေ့မသွားအောင် စိတ်ကို ထိန်းခဲ့ရပါတယ်။ အကြောင်းကတော့ ဒုတိယ တန်းမှာ ထိုင်နေတဲ့ သရဲရုပ်တု က နောက်ပြန် လှည့်ထိုင်ပြီး အသက်ရှုနေတဲ့ပုံကို ရုတ်တရက် တွေ့ခဲ့လို့ပဲ ဖြစပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်
Photo Credit : Pngtree

ဒါနဲ့ပဲ Jakub လည်း အလုပ်ကိစ္စကိုပြီး အောင်လုပ်ခဲ့ပေမဲ့ နောက်နောင် အရုပ်တွေကို ဘယ်တော့မှ မျက်နှာကို လှန်မကြည့်တော့ဘူးလို့ ဆုံး ဖြတ်ခဲ့ပါတယ်။ တစ်ကယ်ပဲ ဒီအရုပ်တွေဟာ မယုံကြည်နိုင်လောက်တဲ့ အကြောင်းအရာတစ်ခုခုကြောင့် အသက်ဝင်တာလားဆိုတာ ကတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်ဗျ... ဒီအဖြစ်အပျက်ဟာ ယုံချင်စရာကောင်းမှ ကောင်းချင်ပေမယ့်လည်း ညဘက်မှာ ဒီဘုရားကျောင်းထဲကို တစ်ယောက်ထဲ အလည်သွားရင်တော့ တော်ရုံ အသည်းမမာတဲ့သူဆို ကြောက်လန့်သွားမှာ အသေအချာပါပဲ....

Photo Credit : Pngtree
Photo Credit : Pngtree

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။