စပိန်နိုင်ငံ Valenca မှ အရုပ်စက်ရုံ တစ်ခုအကြောင်းကို သိတဲ့သူ အတော်လေးကို နည်းကြပါတယ်။ ဒါပေမယ့် ဥရောပ မှာတော့ Valenca အရုပ်စက်ရုံဟာ တော်တော်လေး ရောင်းအားသွက်တဲ့ စက်ရုံတစ်ခုပဲ ဖြစ်ပါတယ်။ အရုပ်တွေရဲ့ဦးခေါင်း ၊လက်ဖျံ စတဲ့ Spare parts တွေက ဂျာမဏီနဲ့ ပြင်သစ် တို့က မှာယူခဲ့ပြီး စပိန်မှာ assemble ပြန်လည် ပေါင်းစပ်ကာ အရုပ်တစ်ရုပ်ဖြစ်အောင် ထုတ်လုပ်ဖန်တီးပါတယ်။ နောက်တော့ စပါယ်ယာပါတ် တွေဟာ အလုံအလောက် မရရှိ ဘဲ အရုပ် အော်ဒါတွေ အရမ်းများလာတဲ့ အခါမှာတာ့

Photo Credit : သံ ဇဉ် မိုးဇတ်
Photo Credit : Pngtree

ဆံပင်တွေ ကို အရုပ် စက်ရုံ နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ သင်္ချ ိုန်းကုန်း ကလူသေတွေရဲ့ ဆံပင်တွေ ၊အဝတ်အစားတွေနဲ့ အစားထိုးခြင်း များပြုလုပ် လာရာက တဖြည်းဖြည်း နဲ့ လူသိများလာပြီး ရာဇဝတ် မှုများ ဖြစ်လာခဲ့ပါတယ်။ နောက်တော့ စက်ရုံပိုင်ရှင်ကိုယ်တိုင်လည်း ညပိုင်း အလုပ်လုပ်နေရင်း အရုပ်တွေကြားထဲမှာ အဖြေရှာမရဘဲေ သဆုံး ခဲ့တာကြောင့် စက်ရုံ ကြီးကို ပိတ်ပစ်ခဲ့ရပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်
Photo Credit : Pngtree

ဒါအပြင် ဒီစက်ရုံမှာ အခြားသော နောက်ခံသမိုင်းတွေ ရှိပြီး တစ်ချို့တွေပြောပုံ အရတော့ စပိန် နိုင်ငံ စစ် အတွင်း စီးပွားပျက်ခဲ့လို့ ၎င်းစက်ရုံကြီးပိတ်ခဲ့ရတယ်လို့ဆိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ယခုအခါမှာတော့ ဒီစက်ရုံကြီးဟာ စွန့်ပစ်နေရာ ကြီးတစ်ခုလို ဖြစ်နေပြီး တိတ်ဆိတ်ခြောက်ကပ်လို့နေကာ စက်ရုံရဲ့ အတွင်းပိုင်းမှာ ထားရှိထားတဲ့ အရုပ်ခေါင်းပြတ်တွေကလည်း ရုတ်တရက် ကြည့်လိုက်ရင် လန့်ဖျပ်သွားစေနိုင်လောက်ပါတယ် ပရိသတ်ကြီးရေ...

Photo Credit : Pngtree
Photo Credit : Pngtree

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။