photo credit - Liquipedia

လတ်တလော လူမှုကွန်ယက်ပေါ်မှာတော့ Team Secret ကနေ MidOne ထွက်ခွာတော့မယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်နေပါတယ်။

MidOne အနေနဲ့လည်း Team Secret မှာကစားလာတာ အချိန်အတော်ကြာပြီဖြစ်ပြီး Puppy ကြီးနဲ့လည်း ညီအကိုလိုဆက်ဆံရေးကို ရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ Ti 9 မှာတုန်းက MidOne ဟာတော်တော်လေး performance ပြောက်ခဲ့သလို အရင်တုန်းက MidOne ပုံစံလို Skill တွေ ပြသနိုင်ခဲ့ခြင်းမရှိပါဘူး ၊

ဒါ့ကြောင့် Puppy အနေနဲ့ အသင်းကို ကောင်းမွန်အောင် ပြန်တည်ဆောက်ဖို့အတွက် MidOne ကို Kick မလားဆိုတာက စိတ်ဝင်စားစရာပါပဲ။

လက်ရှိထွက်ပေါ်နေတဲ့ ကောလဟာတွေထဲမှာဆိုရင်လည်း Team Secret ဟာ MidOne ကို Kick ပီးရင် သူ့နေရာမှာ အစားထိုးဖို့အတွက် MATUBAMAN ကိုခေါ်ယူသွားမယ်ဆိုတဲ့ ကောလဟာလတွေလည်း ပါဝင်ပါတယ်။

MATUMBAMAN ဟာဆိုရင်လည်း Team Liquid နဲ့အတူ TI 7 Champion ဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိထားဖူးတဲ့ player ဖြစ်သလို သူ့ရဲ့ တစ်ဦးချင်း skill တွေကလည်း တော်တော်လေး ကောင်းမွန်တဲ့ player တစ်ဦးပဲဖြစ်ပါတယ်။

ဒါ့ကြောင့် Puppy ကြီးအနေနဲ့ ကောလဟာလတွေအတိုင်းပဲ MidOne ကို Kick ပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ MATUBAMAN ကိုခေါ်ယူသွားမလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

AAAAA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။