ML ထဲမှာလူတိုင်း စစဆော့ချင် ဒီ assassin ကိုကိုင်ဖူးကြမှာပါ။ Skill တွေက များများစာစာ ခတ်ခတ်ခဲခဲ မရှိပဲ ကိုင်ရတာပေါ့ပါတယ်။ သူရဲ့ Ulti ကလဲ တော်တော်လေးကို အသုံးကောင်းပြီး ခုတ်ရတာကျေနပ်စရာပါ။ ထွက်ပြေးဖို့လဲကောင်းပါတယ်။ ဖမ်းရခတ်တဲ့ ရန်သူတွေကိုလဲ သူ့အနေနဲ့ အလွယ်တကူဖမ်းနိုင်တာမို့ ယနေ့ချိန်ထိ လူတော်တော်များများ ကိုင်နေကြစမြဲပါပဲ။ အောက်မှာတော့ သူရဲ့ Skill တွေကို အနည်းငယ် ပြောပြလိုက်ပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

Skill 1 ကတော့ သူရဲ့ပတ်ပတ်လည်မှာ စက်ကြာပုံစံ ဓားပျံလေးခုပေါ်လာကာ သူအနားမှာ လည်နေမှာဖြစ်ပြီး တစ်ခုစီမှာ Damage ရှိပါတယ်။ အချိန်ပြည့်ရင်ပြန်လာမှာဖြစ်သလို Skill 2သုံးရင်လဲ ကိုယ့်ဆိကိုပြန်လာမှာဖြစ်ပါတယ်။ Skill 2ကတော့ ရှေ့ကိုထိုးပြေးသွားမှာဖြစ်ပြီး ထိုးရာတစ်လျှောက် Damage ထိစေမှာဖြစ်ပါတယ်။ Ulti ကတော့ ၁.၂စက္ကန့်ကြာအောင် ရန်သူကို လေပေါ်ခေါ်သွားမှာဖြစ်ပြီး ၃ချက်ခုတ်မှာဖြစ်ပါတယ်။ ခုတ်ချက်တိုင်းက တော်တော်လေးကို Damage ထိနေစမှောပဲဖြစ်ပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

Passive ကတော့ သူရဲ့တိုက်ခိုက်မှုက ရန်သူတွေကို ရုပ်ပိုင်ဆိုင်ရာခုခံမှု ၇ဆိချပေးကာ ၅ကြိမ်ထိ လျှော့ချပေးမှာဖြစ်ပါတယ်။ ကြာချိန်ကတော့ ၅စက္ကန့်ကြာမြင့်မှာဖြစ်ပါတယ်။ Battle ဆိုင်ပြီးဆိုရင်တော့ ကိုယ့်အနေနဲ့ Battle ထဲဝင်မနေနပဲ ဟိုဘက်က ထိန်းမနိုင်အောင်ကြမ်းနေတဲ့ Mage, Assassin ဒါမှမဟုတ် Marksman ကို နောက်ကနေပတ်ပြီး Ulti ကိုရအောင်သုံးပါ...Skill 1လေးဖွင့်ပြီး Ulti ပြေးသုံးပါ။ ကိုယ်က Assassin မို့လူမသိအောင်လုပ်ရမှာကို သတိရပါ။ Item နဲ့ Emblem ကိုတော့ Global 1 ဆိက ဖော်ပြပေးလိုက်ပါတယ်။ 

Photo Credit : Screenshot From Mobile Legends Game

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။